ပဲခူးတိုင်း၊ ပြည်မြို့နယ်၌ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် သုံးပန်လှအုတ်ကျောင်းတော်ကြီးမှာ ပြိုကျပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ အသစ်ပြန်လည်ပြုပြင်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဖေဖော်ဝါရီ ၁ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းဝန်ကြီးချုပ်သည် ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ မြောက်စောင်းတန်းလမ်းနှင့် ပြည်မြို့တွင်း ရန်ကုန်-ပြည်ကားလမ်းပိုင်းလမ်းချဲ့ခြင်း၊ လမ်းအဆင့်မြင့်တင်ခြင်းနှင့် ပလပ်ဖောင်များပြန်လည်ဆောင်ရွက်နိုင်ရေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် လမ်းများအလိုက် လမ်းဧရိယာများကိုအများပြည်သူသိရှိနိုင်ရေးသတ်မှတ်ထားရန်၊ လျှပ်စစ်မီးတိုင်နှင့် ဖုန်းတိုင်များကြိုတင်ပြောင်းရွေ့ထားရန်နှင့် လမ်းဧရိယာအတွင်း ကျူးကျော်မှုမရှိစေရေးကြီးကြပ်ဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။