ပြည်တွင်း၌ ထွက်ရှိသည့် ရော်ဘာများကို ပြည်ပဈေးကွက်သို့ တင်ပို့ရာတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၄၈၀) အထိ ရရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသည် နှစ်စဉ်ရာဘာထုတ်လုပ်နိုင်မှုမှာ တန်ချိန် (၄) သိန်းခန့်ရှိပြီး ပြည်ပနိုင်ငံများသို့ ပျမ်းမျှ တန်ချိန် (၁)သိန်းကျော် တင်ပို့နိုင်ပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် (၃)သိန်းဝန်းကျင်အထိ ပိုမို တိုးမြှင့်ကာတင်ပို့နိုင်ရန် မျှော်မှန်းထားသည်။
ရော်ဘာကို တရုတ်နိုင်ငံသို့ (၇၅) ရာခိုင်နှုန်းတင်ပို့နေပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား နှင့် ဂျပန် စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
ရော်ဘာသည် ပြည်တွင်း၌ မွန်ပြည်နယ်တွင် အများဆုံးထွက်ရှိပြီး ဒုတိယအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး နှင့် တ တိယအနေဖြင့် ကရင်ပြည်နယ်တို့မှ ထွက်ရှိသည့်အပြင် ကျ န်တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း စိုက်ပျိုးလျက်ရှိရာ စုစုပေါင်း စိုက်ပျိုးဧက (၁)သန်းကျော်အနက် ထုတ်လုပ်နိုင်သော ဧကသည် (၉) သိန်းခွဲခန့် ရှိကြောင်း သိရသည်။
