Saturday, June 7, 2025

တပ်မတော်တစ်ရပ်လုံးအနေဖြင့် သစ်ပင်ပေါင်း(၁)သိန်းခွဲကျော် စိုက်ပျိုးခဲ့

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယနေ့ ဇွန် ၆ ရက် နံနက်ပိုင်းက...

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန်...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇...

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ...
HomeNewsLocal Newsပြည်ထောင်စု ရေရှည်တည်တံ့စေရန် ရွေးကောက်ပွဲ...

ပြည်ထောင်စု ရေရှည်တည်တံ့စေရန် ရွေးကောက်ပွဲ စနစ်ကို ပြောင်းလဲဖို့ လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား

ပြည်ထောင်စု ရေရှည်တည်တံ့စေရန် ရွေးကောက်ပွဲ စနစ်ကို ပြောင်းလဲဖို့ လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား

ပြည်ထောင်စု ရေရှည်တည်တံ့ရေး၊ နိုင်ငံတော်အဓွန့်ရှည်ကြာရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးတို့အတွက် ရွေးကောက်ပွဲ စနစ်ကို ပြု ပြင်ပြောင်းလဲရန် လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဩဂုတ်လ (၁) ရက် နံနက်ပိုင်းက ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲမှ ဖြစ်ပါမယ်။ လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ(FPTP)စနစ်အ ပြင် အချိုးကျကိုယ်စားပြု စနစ်(PR-Proportional Representation)ကို ထည့်သွင်းဆောင်ရွက်ဖို့လိုကြောင်း တွေ့ရပါတယ်။ ဒီလိုပြင်ဆင်ရာမှာ အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြင်ဆင်ရမှာဖြစ်သလို နိုင်ငံရေးပါတီတွေ အနေနဲ့ကလည်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အဲ့လိုပြင်ဆင်နိုင်ရန် လုံလောက်တဲ့ အချိန်ရယူသွားရမှာပဲဖြစ်တယ်။ကျွန်တော် တို့ပြည်ထောင်စု ရေရှည်တည်တံ့ဖို့၊ နိုင်ငံတော်အဓွန့်ရှည်ကြာဖို့၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ် ငြိမ်းသွားဖို့ ဒီစနစ်ကို အကောင်အထည်ဖော် ရပါမယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့အစိုးရအဖွဲ့ တာဝန်ယူခဲ့သည့် ၁၈ လတာ ကာလအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ယနေ့ ဩဂုတ်လ (၁) ရက် နံ နက် (၈) နာရီက ပြည်သူလူထုထံ တင်ပြသည့် မိန့်ခွန်းကို နိုင်ငံပိုင် မီဒီယာမှတဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြောကြားရာတွင် နိုင်ငံတော် တည်တံ့ခိုင်မြဲရန်နှင့် နိုင်ငံသားအားလုံး ဒီမိုကရေစီအခွင့်အရေးကို တန်းတူညီမျှ ခံစားနိုင်ရန်အတွက် အချက် (၂)ချက်ကို ပြုပြင်ရန် လိုအပ်ပြီး အဆိုပါ အချက်(၂) ချက်မှာ နိုင်ငံရေးအရပြု ပြင်ဆောင်ရွက်ခြင်းနှင့် တိုင်းရင်းသားရေးအရ ပြုပြင် ဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းအချက် (၂) ချက်သည် သီးခြားစီဟု ထင်ရသော် လည်း တစ်ခုနှင့် တစ်ခုခွဲမရအောင် ဆက်စပ်လျက် ရှိကြောင်းလည်း ၎င်းက ပြောသည်။

ထို့အပြင် မြန်မာ နိုင်ငံတွင် ပါတီစုံဒီမိုကရေစီ စနစ် စတင်ကတည်းက အထွေထွေရွေးကောက်ပွဲ (၃) ကြိမ်ကျင်းပခဲ့သော်လည်း နယ်မြေမတည်ငြိမ်သည့် တိုင်းရင်းသား ဒေ သများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်အတွက် အဆိုပါ ဒေသမှ တိုင်းရင်းသားများအနေဖြင့် ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးရကြောင်း သိရသည်။

လွှတ်တော်အသီးသီးတွင် တိုင်းရင်းသားနှင့်လူထုလူတန်း စား အလွှာအသီးသီးကို ကိုယ်စားပြုသူများပါဝင်လာနိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်တွင် လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ(FPTP)စနစ်အပြင် အချိုးကျ ကိုယ် စားပြု စနစ်(PR-Proportional Representation)ကို ကျင့် သုံးရန် လိုအပ်ကြောင်းလည်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း (၃၃၀) မြို့နယ်ရှိသည့်အ နက် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် (၃၂၅) မြို့နယ်၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် (၃၂၃) မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် (၃၁၅) မြို့နယ် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်တစ်ရပ်လုံးအနေဖြင့် သစ်ပင်ပေါင်း(၁)သိန်းခွဲကျော် စိုက်ပျိုးခဲ့

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယနေ့ ဇွန် ၆ ရက် နံနက်ပိုင်းက နေပြည်တော်အပါအဝင် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပခဲ့ပြီး သစ်ပင်ပေါင်း (၁၅၂,၈၄၄)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂ဝ၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရာက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုမှာ(၄၂ ဒသမ...

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန် (၂၀) ရက် နံန က် (၇) နာရီမှစ၍ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား စာရင်းလာရောက်ပေးသွင်းနိုင်‌ကြောင်း သိရသည်။ "သတင်းကောင်းပေးပါသည်။ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)၏ (၁၃) ကြိမ်မြောက် မျက်စိအလင်းအလှူ စာရင်းပေးကာလကို အသိပေးပါသည်"ဟု အသိပေးထားသည်။ စာရင်းလာရောက်ပေးသွင်း လိုသူများအနေဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာကြည့်တိုက်ရုံးခန်း၊ ဘေလီတံတားအဆင်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၆၇၉)ကျပ်၊ ၉၅ တစ်လီတာ (၂,၇၂၇) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ (၂,၂၂၇) ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ (၂,၇၈၂) ကျပ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်တစ်ပါတ်တွင် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၈၅၅)ကျပ်၊ ၉၅ တစ်လီတာ (၂,၉၁၀) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071