Tuesday, April 7, 2026

ရန်ကုန်တွင် သောက်သုံးရေအခက်အခဲဖြစ်သည့် မြို့နယ်များကို မီးသတ်တပ်ဖွဲ့မှ...

ရန်ကုန်တိုင်းတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာကာ ယင်းမြို့နယ်များကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လိုက်လံကူညီပေးနေကြောင်း သိရသည်။ ယင်းမြို့နယ်များမှာ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊...

တပ်မတော်က သဖန်းဆိပ်ရေလှောင်တမံနှင့် အင်တိုင်းကျေးရွာတို့အား ပြည်လည်ထိန်းချုပ်သိမ်းပိုက်  အကြမ်းဖက်အဖွဲ့များမီးရှို့ဖျ-က်ဆီးသွားသည့်...

အကြမ်းဖက်အဖွဲ့ဝင်များ နေထိုင်လျက်ရှိသည့် မကွေး တိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံနှင့် ဝန်းကျင်ကျေးရွာများအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရန် ဆောင်ရွက်ခဲ့ကြသဖြင့် သဖန်းဆိပ်ရေလှောင်တမံအား မတ် ၂၈...

မွန်ပြည်နယ်အစိုးရအဖွဲ့အား ဝန်ကြီးဌာန (၁၀) ခု...

ယနေ့ ဧပြီ ၇ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့အား ဝန်ကြီးဌာန (၁၀) ခု ဝန်ကြီး (၁၀)...

ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီး (၉)...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီလ (၇) ရက်၊ နံနက် (၁ဝ) နာရီတွင် ကျင်းပခဲ့ပြီး ဝန်ကြီး...
HomeNewsLocal Newsပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်...

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်မှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု

ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထော င်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရန် အဆိုပြုချက်များအား ကန့်ကွက်ချက်မရှိဘဲ အတည်ပြုခဲ့ကြောင်း သိရသ ည်။

အဆိုပါ ခန့်အပ်ရေးအဆိုပြုချက်များကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင် သီးခြားဆွေးနွေးသူမရှိသဖြင့် တင်ပြချက်အတိုင်း သဘောတူညီခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားသူကြီးများ ဦးရေသတ်မှတ်ခြင်းနှင့်ပတ်သက်သည့် အဆိုပြုချက်ကိုလည်း ဆွေးနွေးချက်မရှိဘဲ အတည်ပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးသန်းထွတ်သိန်း၊ ဦးအောင်မြင့်လွင်၊ ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်းနှင့် ဒေါ်ခင်သင်းဝေတို့ကိုလည်း ခန့်အပ်ရန် သဘောတူခဲ့ကြောင်း လွှတ်တော်နာယက၏ ကြေညာချက်အရ သိရသည်။

အဆိုပါ ခန့်အပ်မှုများအား လွှတ်တော်အတွင်း ကန့်ကွက်ချက် တစုံတရာ မရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတမှ တင်ပြသည့်အတိုင်း အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် သောက်သုံးရေအခက်အခဲဖြစ်သည့် မြို့နယ်များကို မီးသတ်တပ်ဖွဲ့မှ ကူညီပေးနေ၊ အခက်အခဲဖြစ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာ

ရန်ကုန်တိုင်းတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာကာ ယင်းမြို့နယ်များကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လိုက်လံကူညီပေးနေကြောင်း သိရသည်။ ယင်းမြို့နယ်များမှာ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ အလုံ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ဥက္ကလာ၊ ကွမ်းခြံကုန်း၊ ပုဇွန်တောင်မြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ သာကေတ၊ ဗိုလ်တထောင်၊ ကော့မှူး၊ ကျောက်တန်းနှင့် သုံးခွမြို့နယ်တို့ဖြစ်ပြီး မြို့နယ်များသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သောက်သုံးရေ လှူဒါန်းမှုများ ပြုလုပ်လျက်ရှိနေခြင်းလ ည်း ဖြစ်သည်။ လက်ရှိ၌ ရန်ကုန်မြို့နေပြည်သူများသို့ နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ ဂါလံ (၂၃၇) သန်းကို ဖြန့်ဖြူးပေးဝေနေကာ...

တပ်မတော်က သဖန်းဆိပ်ရေလှောင်တမံနှင့် အင်တိုင်းကျေးရွာတို့အား ပြည်လည်ထိန်းချုပ်သိမ်းပိုက်  အကြမ်းဖက်အဖွဲ့များမီးရှို့ဖျ-က်ဆီးသွားသည့် သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်သွားမည်

အကြမ်းဖက်အဖွဲ့ဝင်များ နေထိုင်လျက်ရှိသည့် မကွေး တိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံနှင့် ဝန်းကျင်ကျေးရွာများအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရန် ဆောင်ရွက်ခဲ့ကြသဖြင့် သဖန်းဆိပ်ရေလှောင်တမံအား မတ် ၂၈ ရက်၊ ရေလှောင်တမံအနောက်ဘက် မီတာ (၅) ထောင်ခန့်အကွာရှိ အင်တိုင်းကျေးရွာအား ဧပြီ ၆ ရက်နေ့လည်ပိုင်းတို့တွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ တပ်မတော်မှ ယင်းနေရာများအား ပြန်လည်ထိန်းချုပ်ရန်ဆောင်ရွက်ရာ အကြမ်းဖက်အဖွဲ့ဝင်များ ထွက်ပြေးစဥ် သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အင်တိုင်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျ-က်ဆီးခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးခဲ့ကြကြောင်း သိရသည်။ မီးလေ-ာင်မှုကြောင့် လျှပ်စစ်ဓာတ်အားပေး စက်ပစ္စည်းကိရိယာများ ပျ-က်ဆီးဆုံးရှုံးခဲ့သဖြင့်...

မွန်ပြည်နယ်အစိုးရအဖွဲ့အား ဝန်ကြီးဌာန (၁၀) ခု ဝန်ကြီး (၁၀) ဦးဖြင့် ဖွဲ့စည်း

ယနေ့ ဧပြီ ၇ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့အား ဝန်ကြီးဌာန (၁၀) ခု ဝန်ကြီး (၁၀) ဦးဖြင့် ဖွဲ့စည်းရန် အတည်ပြုခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်စွာမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် နိုင်လယ်တမ၊ လူမှုရေးရာဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် ဦးတင်ဇော်ထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် ဦးမင်းဇေယျာဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် မင်းမြင့်မောင်လေးတို့ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071