Looking for something?

Explore the website

Looking for something?

Thursday, May 15, 2025

ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုလေ့လာဆွေးနွေးနိုင်မည့် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား...

ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှဦးစီး၍ လာမည့် မေ ၂၄ ရက်တွင် နံ နက် ၉...

သဘာဝဘေးနှင့် ပတ်သက်၍ ထိခို-က်မှုများ၊ ပျ-က်စီးဆုံးရှုံးမှုများမဖြစ်ပေါ်နိုင်ရေးအတွက်...

မိုးဦးကာလရောက်ရှိလာပြီ ဖြစ်သည့်အတွက် သဘာဝဘေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း ထိခို-က်မှုများ၊ ပျ-က်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ်က မှာကြားသည်။ ယမန်နေ့ မေ (၁၄) ရက်က...

MH17 လေယာဉ်ကိစ္စလွတ်လပ်စွာ စုံစမ်းစစ်ဆေး‌ရေးကိုကူညီရန် ရုရှားအသင့်ရှိ–အန်ဝါ

မလေးရှားလေကြောင်းလိုင်း၏ MH17 လေယာဉ်ပစ်ချခံရမှုတွင် ရုရှား၌တာဝန်ရှိသည်ဟု ကုလသမဂ္ဂ လေကြောင်းဆိုင်ရာကောင်စီက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရာတွင် ရုရှားနိုင်ငံက ကူညီရန်အသင့်ရှိနေသည်ဟု...

တကျော့ပြန် ရွေးကောက်ခံ သြဇီဝန်ကြီးချုပ်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ်...

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်သည် မေလ ၃ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ရက်ရှည်ခရီးစဉ်မျိုးမဟုတ်ဘဲ မစ္စတာ...
HomeNewsLocal Newsပြည်ထောင်စုအဆင့် ပါတီအနေဖြင့် ရပ်တည်နိုင်ရန်...

ပြည်ထောင်စုအဆင့် ပါတီအနေဖြင့် ရပ်တည်နိုင်ရန် ရင်ဘတ်ချင်းတူသူများနှင့် ပူးပေါင်းရန် ပြင်ဆင်နေကြောင်းမအူပင် ဦးစိန်ဝင်းပြော

မအူပင်ဦးစိန်ဝင်း ဦးဆောင်သည့် NUDP ပါတီအနေဖြင့် ပြည်ထောင်စုအဆင့် ပါတီတစ်ခုအနေဖြင့် ရပ်တည်သွားနိုင်‌ရန်အတွက် ရင်ဘတ်ချင်းတူသူများနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး လက်ရှိတွင် ဆွေးနွေးချိတ်ဆက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ကျွန်တော်ကတော့ ကြိုးစားနေဆဲရှိပါသေးတယ်။ တိုင်းအဆင့်ကျတော့လည်း ကျွန်တော်က မလုပ်ချင်ဘူးပေါ့ဗျာ။ အဲဒီတော့ ပြည်ထောင်စုအဆင့်အထိလုပ်ဖို့ အခြားကိုယ်လို ရင်ဘတ်ချင်းတူ၊ နှလုံးသားချင်းတူ၊ အသိချင်းတူ ၊ ဉာဏ်ချင်းတူတဲ့ ပါတီမျိုးကို လိုက်ပြီးချိတ်နေတာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်အရ နိုင်ငံရေးပါတီများအနေဖြင့် (၂) လအတွင်း ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် ရပ်တည်မည့် ပါတီများအနေဖြင့် ပါတီဝင်အင်အား (၁) သိန်းစည်းရုံးရမည်ဖြစ်သည်။

ဥပဒေသစ်ပါ ကန့်သတ်ချက်များအရ ယခင် ပြည်ထောင်စုပါတီအဖြစ်ရပ်တည်ခဲ့သည့် ပါတီငယ်များမှာ ဆက်လက်ရပ်တည်ရန် အခက်အခဲရှိနေသည့်အတွက် အခြားပါတီများနှင့် မဟာမိတ်ဖွဲ့ ပူးပေါင်းရမည့် အခြေအနေမျိုးရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယင်းအခြေအနေမျိုးတွင် NUDP ပါတီအနေဖြင့် မည်သည့်ပုံစံဖြင့်ပူးပေါင်းရန်စဉ်းစားထားသည်ကို သိရှိလိုကြောင်း ပေါ်ပြူလာနယူး(စ်) ၏ မေးမြန်းမှုကို ဦးစိန်ဝင်းက ယခုလို ရှင်းပြသည်။

“ပေါင်းတာကို စည်ကာချဲ့ပြီး ပြောနေရင် ပြီးမှာမဟုတ်ဘူး။အဲဒီတော့ ကျွန်တော်တို့က အလွယ်ကူဆုံးနည်းလမ်းကိုပဲ သုံးမယ်။ ဆိုလိုတဲ့သဘောက သူ့အောက်ကနေမယ် ။ ကိုယ့်ပါတီက ပုံရိပ်ကောင်းရင် ကိုယ်နဲ့တွဲလုပ်ပေါ့ဗျာ။ အဲဒီသဘောပါ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၃၁) ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပါတီ (၂) သို့မဟုတ် (၂) ခုထက်ပိုသော ပါတီများအနေဖြင့် ပူးပေါင်းကာ ပါတီတစ်ခုအနေဖြင့် ရပ်တည်နိုင်ကြောင်း ပြဌာန်းပါရှိသည်။

အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ယခင်ရှိပြီးသားပါတီများအနေဖြင့် (၂) လအတွင်း မှတ်ပုံပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်မည်ဖြစ်ကြောင်း သိရသည်။

ဦးစိန်ဝင်း ဦးဆောင်သည့် NUDP ပါတီ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အမည်ပြောင်းထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အမျိုးသာားညီညွတ်သောဒီမိုကရက်တစ်ပါတီ NUD အမည်ဖြင့် မှတ်ပုံတင်ခဲ့သည့် ပြည်ထောင်စုအဆင့် ပါတီတစ်ခု ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုလေ့လာဆွေးနွေးနိုင်မည့် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား ရန်ကုန်မြို့၌ကျင်းပမည်

ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှဦးစီး၍ လာမည့် မေ ၂၄ ရက်တွင် နံ နက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား ဝင်ကြေးအခမဲ့ဖြင့် လာရောက်လေ့လာနိုင်ကာ ထိုင်းနိုင်ငံရှိ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၀)ခုက ပါဝင်ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှကျောင်းသား၊ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များ၊ ပညာရေးအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များရယူနိုင်မည်ဖြစ်ကာ တိုက်ရိုက်ဆွေးနွေးမှုများလည်းပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရသည်။ ထို့ပြင် ထိုင်းနိုင်ငံရှိ St Teresa International University ၊Stamford University၊...

သဘာဝဘေးနှင့် ပတ်သက်၍ ထိခို-က်မှုများ၊ ပျ-က်စီးဆုံးရှုံးမှုများမဖြစ်ပေါ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မှာကြား

မိုးဦးကာလရောက်ရှိလာပြီ ဖြစ်သည့်အတွက် သဘာဝဘေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း ထိခို-က်မှုများ၊ ပျ-က်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ်က မှာကြားသည်။ ယမန်နေ့ မေ (၁၄) ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ထိုသို့ မှာ ကြားခြင်း ဖြစ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က သဘာဝဘေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ စီမံခန့်ခွဲမှုများကို စဉ်ဆက်မမြတ် ဆောင်ရွက်သွားကြရန်၊ ယခင်ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ဆောင်ရွက်ခဲ့သော အခြေအနေများကို သင်ခန်းစာဖော်ထုတ်ပြီး ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်မှုများလိုကြောင်း ဆိုသည်။ ထို့ပြင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်...

MH17 လေယာဉ်ကိစ္စလွတ်လပ်စွာ စုံစမ်းစစ်ဆေး‌ရေးကိုကူညီရန် ရုရှားအသင့်ရှိ–အန်ဝါ

မလေးရှားလေကြောင်းလိုင်း၏ MH17 လေယာဉ်ပစ်ချခံရမှုတွင် ရုရှား၌တာဝန်ရှိသည်ဟု ကုလသမဂ္ဂ လေကြောင်းဆိုင်ရာကောင်စီက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရာတွင် ရုရှားနိုင်ငံက ကူညီရန်အသင့်ရှိနေသည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကင်းသော စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အခိုင်အမာ ပြောကြားခဲ့သည်ဟု အန်ဝါက ဆိုသည်။ “ပိုမိုယုံကြည်စိတ်ချရတဲ့ ဒါမှမဟုတ် ပိုမိုခိုင်လုံသေချာတဲ့ အစီရင်ခံခစာရရှိဖို့အတွက် လိုအပ်တာ အားလုံးကို ပူးပေါင်းဆောင်ရွက်သွားဖို့ ရုရှားက အသင့်ရှိနေပါတယ်” ဟု မော်စကိုသို့ အလည်အပတ်ရောက်ရှိနေသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071