Thursday, January 1, 2026

မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်း တပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးဖွင့်လှစ်ပေးခဲ့

တပ်မတော်မှ အကြမ်းဖက်အဖွဲ့များခေတ္တထိမ်းချုပ်ထားသော မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအားပြန်လည်ထိန်းချုပ်ရန် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် အောက်တိုဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၊ အောက်တိုဘာ...

မြန်မာနိုင်ငံမှ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်...

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ဇန်နဝါရီ ၂၆ ရက်အထိ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို...

နေအိမ်(၆၀)လုံးမီးလေ-ာင်ဆုံးရှုံးပြီး (၃၀၈)ဦးမီးဘေးသင့်ခဲ့သော ပျဥ်းမနားမြို့နယ်မှ Level...

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ် ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)တွင် ဒီဇင်ဘာ ၃၁ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်မှစတင်ကာ...

စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို...

စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ဒီဇင်ဘာ ၃၁ ရက်ကကျင်းပသည့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၁၁/၂၀၂၅) တွင်...
HomeNewsLocal Newsပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပေါ်ပြူလာနယူးစ်သတင်းဌာနမှ မေးမြန်းသည့် မေးခွန်းများနှင့် ပြန်လည်ဖြေကြားသည့် အဖြေများ

မေး (၁) ။ ပြည်သူတွေနဲ့အတူ အခုလိုပါဝင်မဲပေးရတဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုခံစားရပါသလဲ။

ဖြေ (၁) ။ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်ပြည်သူတွေနဲ့ တစ်သားတည်း မဲပေးခဲ့တယ်။ ပြည်သူနဲ့ တစ်သားတည်းရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။ ဆန္ဒမဲပေးတယ်ဆိုတာ အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်လောက်ပဲ ပညာပေးလှုံ့ဆော်မှုတွေလုပ်လုပ် မိမိအသိစိတ်နဲ့မိမိ တစ်ဦးချင်းက စိတ်ဆန္ဒအရဆုံးဖြတ်ရတာပါ။ မဲပေးခဲ့တဲ့ပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝအသုံးချလိုက်တာပါပဲ။ ဒီလို နိုင်ငံသားတာဝန်ကျေပွန်တဲ့ ပြည်သူတွေကို ချီးကျူးပါတယ်။ ကျွန်တော်သည်လည်း ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူနဲ့အတူမဲပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လိုက်ကြည့်တဲ့ မဲရုံတွေမှာ မဲပေးမှုများရော၊ သတင်းမှတ်တမ်းတွေမှာ မဲပေးနေကြတဲ့ ပုံရိပ်တွေကြည့်ပြီး ကျွန်တော် အားရကျေနပ်ပါတယ်။ ပြည်သူလူထုဟာ ဒီမိုကရေစီကို ဘယ်လောက်လိုလားတယ်၊ ငြိမ်းချမ်းရေးကိုဘယ်လောက်လိုလားတယ်ဆိုတာ ပြတာပါပဲ။ ပြည်သူ့အောင်ပွဲလို့ပဲ ပြောပါရစေ။

မေး (၂) ။ မဲပေးသင့် မပေးသင့်တွေဝေနေတဲ့ ပြည်သူတွေကို ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘာများပြောချင်တာ ရှိပါသလဲ။

ဖြေ (၂) ။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူပါမှ အောင်မြင်တာပါ။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုလိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ မိမိကိုအုပ်ချုပ်မယ့်သူကို မိမိကိုယ်တိုင်ရွေးချယ်၍ လွတ်လပ်စွာသဘောထားထုတ်ဖော်ပါလို့ပြောလိုပါတယ်။

မေး (၃) ။ ရွေးကောက်ပွဲဝင်ပြိုင်ကြတဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘာစကားလက်ဆောင်ပါးချင်တာရှိပါသလဲ။

ဖြေ (၃) ။ အားလုံးကိုကျေးဇူးတင်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ အခက်အခဲတွေကြားက ပြည်သူလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဝိုင်းဝန်းအကောင်အထည်ဖော်ပေးကြသူများဖြစ်လို့ အသိအမှတ်ပြုပါတယ်။ နိုင်ငံ့အရေး အမျိုးသားရေးမှာ ကောင်းမွန်သောစိတ်ဆန္ဒတွေနဲ့ ဆက်လက်ပါဝင်ဆောင်ရွက်ပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

မေး (၄) ။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းကနေ ဘာတွေမျှော်လင့်ထားပါသလဲ။

ဖြေ (၄) ။ မြန်မာပြည်သူလူထုမျှော်လင့်နေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်အကောင်အထည်ဖော်နိုင်ပါတယ်။ လွှတ်တော်တွေလည်းပေါ်လာမယ်။ လွှတ်တော်တွေဆိုတာ တရားဝင်နိုင်ငံရေးစင်မြင့်ပါပဲ။ ဒီစင်မြင့်ကနေတစ်ဆင့် ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ပြည်သူ့ကိုယ်စားလှယ်တွေကနေ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်လာနိုင်ပါမယ်။ တိုင်းပြည်ကို တိုးတက်အောင်လုပ်မယ့်သူတွေ အများကြီးပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။

မေး (၅) ။ အချို့ဒေသတွေမှာ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေတာ တွေ့ရတယ်၊ ဒီအပေါ်မှာကော ဘာပြောချင်ပါသလဲ။

ဖြေ (၅) ။ ကြိုတင်မဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့စည်းမျဉ်းစည်းကမ်းနဲ့အညီသာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သံသယရှိရင်၊ အငြင်းပွားမှုရှိရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်ကန့်ကွက်လို့ရပါတယ်။ စုံစမ်းလို့ရပါတယ်။

မေး (၆) ။ ခုရွေးကောက်ပွဲကနေကော ဘာတွေပြုပြင်စရာ သတိထားမိပါသလဲ။ နောင်ရွေးကောက်ပွဲတွေမှာဒီထက်ပိုစနစ်ကျအောင် ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ (၆) ။ ရွေးကောက်ပွဲမှာ အဓိကလိုအပ်ချက်ကတော့ –

(၁) မဲစာရင်းမှန်ကန်ဖို့ လိုပါတယ်။ အခုမဲစာရင်းတွေကို ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအပေါ်မူတည်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ အပြန်ပြန် အလှန်လှန်စိစစ်ပြီး မဲစာရင်း ၃ ကြိမ်ထုတ်ခဲ့ပါတယ်။

(၂) မဲပေးခွင့်ရှိသူများ မဲစာရင်းမှာ မကျန်ခဲ့ဖို့ လိုအပ်ပါတယ်။ စာရင်းဇယား အရသာမကဘဲ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီနေရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုလိုပါတယ်။ မဲစာရင်းတွေကို ကြည့်ဖို့လိုပါတယ်။

(၃) မဲစာရင်းမှာပါတဲ့လူတိုင်း မဲပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဆောင်ရွက်ပေးဖို့က အစိုးရရဲ့တာဝန်ဖြစ်ပါတယ်။ မဲပေးခြင်း/မပေးခြင်းက တစ်ဦးချင်းရဲ့ဆန္ဒသာ ဖြစ်ပါတယ်။

(၄) သတ်မှတ်ချိန်အတွင်း မဲပေးနိုင်ရေး အလေးထားဆောင်ရွက်ရပါမယ်။ အချို့နေရာတွေမှာ သတ်မှတ်ချိန်အတွင်း မဲပေးခြင်းကိစ္စပြီးဖို့ အခက်အခဲရှိတာကို ပြန်ကြားရပါတယ်။ ဒါကို မြန်ဆန်စနစ်ကျအောင် ဘယ်လိုလုပ်မလည်းဆိုတာ အဖြေရှာနေပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်း တပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးဖွင့်လှစ်ပေးခဲ့

တပ်မတော်မှ အကြမ်းဖက်အဖွဲ့များခေတ္တထိမ်းချုပ်ထားသော မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအားပြန်လည်ထိန်းချုပ်ရန် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် အောက်တိုဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၊ အောက်တိုဘာ ၁၃ ရက်တွင် ဖော့တောလမ်းဆုံ၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဇရပ်ကွင်းကျေးရွာ၊ ဒီဇင်ဘာ ၂၂ ရက်တွင် လိပ်ကျကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျည်တောက်ပေါက်ကျေးရွာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ ဒီဇင်ဘာ ၃၁ ရက်တွင် လိပ်ကျကျေးရွာတို့ကိုပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံများသွားလာမှုနှင့်...

မြန်မာနိုင်ငံမှ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း (၁၁) နည်းဝင်ရောက်ယှဥ်ပြိုင်မည်

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ဇန်နဝါရီ ၂၆ ရက်အထိ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အားကစားနည်း (၁၉) နည်းဖြင့်ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အားကစားနည်း (၁၁) နည်းတွင်ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ရေကူး၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ အလေးမ၊ ဂိုးလ်ဘော၊ ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ‌ေ-သနတ်ပစ်၊ ဘိုစီယာ၊ ဘိုးလင်းအားကစားနည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။ အဆိုပါ စခန်းဝင်လေ့ကျင့်နေသည့် မသန်စွမ်းအားကစားသမားများ၊ အုပ်ချုပ်/နည်းပြများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်...

နေအိမ်(၆၀)လုံးမီးလေ-ာင်ဆုံးရှုံးပြီး (၃၀၈)ဦးမီးဘေးသင့်ခဲ့သော ပျဥ်းမနားမြို့နယ်မှ Level 2 အဆင့်မီးလေ-ာင်မှု

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ် ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)တွင် ဒီဇင်ဘာ ၃၁ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်မှစတင်ကာ မီးလေ-ာင်မှုဖြစ်ပွား ၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြ၍ ည ၈ နာရီတွင်မီးငြိမ်းသွားခဲ့သည်။ မီးလေ-ာင်မှုဖြစ်စဥ်အား ငြှိမ်းသတ်နေမှုကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦးမှ လာရောက်ကြည့်ရှုပြီး ဖြစ်စဥ်ကြောင့် နေအိမ်(၆၀)လုံးပျ-က်စီးဆုံးရှုံးကာ (၃၀၈)ဦးမီးဘေးသင့်ခဲ့သဖြင့် တပေါင်းကွင်း၌ ယာယီမီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာကူညီမှုများပြုလုပ်ပေးခဲ့သည်။ " မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေကိုလည်း နေပြည်တော်ကောင်စီအနေနဲ့ စဉ်ဆက်မပြတ်ပံ့ပိုးဆောင်ရွက်ပေးသွားပါမယ်"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071