လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအေးကျော်၊ တာဝန်ရှိသူ များ၊ ရုရှားနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
