Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsFootballပြည်တွင်း ပြည်ပ ပြိုင်ပွဲ...

ပြည်တွင်း ပြည်ပ ပြိုင်ပွဲ (၂)ခုကို ယှဉ်ပြိုင်ရမည့် ရှမ်းယူနိုက်တက်အသင်း ဂျပန် ကွင်းလယ်ကစားသမား ဟီရိုတာယူရီကို ထပ်မံ ခေါ်ယူ

ပြည်တွင်း ပြည်ပ ပြိုင်ပွဲ (၂)ခုကို ယှဉ်ပြိုင်ရမည့် ရှမ်းယူနိုက်တက်အသင်း အနေဖြင့် ဂျပန်နိုင်ငံသား ကွင်းလယ်ကစားသမား ဟီရိုတာယူရီကို ထပ်မံ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက် အသင်းသည် ပြည်တွင်းပွဲဖြစ်သည့် Myanmar National League ဒုတိယအကျော့ ပထမဆုံးအဖွင့်ပွဲစဉ်အား အောက်တိုဘာလ (၁၉) ရက်တွင် တောင်ကြီးကွင်း ၌ ဧရာဝတီယူနိုက်တက် အသင်းတို့ ထိပ်တိုက်တွေဆုံကစားသွားရမည်ဖြစ်သည်။

ထို့နည်းတူ ပြည်ပ ပွဲစဉ်တစ်ခုဖြစ်သည့် AFC Challenge League 2024 / 25 ပြိုင်ပွဲကိုလည်း အောက်တိုဘာလ (၂၇) ရက်၌ စတင်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ယင်းအတွက် ကစားသမားအပြောင်းအရွေ့အပါအဝင် အားဖြည့်ခေါ်ယူနေမှုများ ဆက်တိုက်ပြုလုပ်နေပြီး၊ အသင်းတွင် လက်ရှိ ခေါ်ယူလိုက်သည့် ဂျပန်နိုင်ငံသား ဟီရိုတာယူရီကိုအပါအဝင် နိုင်ငံခြားသားကစားသမား(၅)ဦးအထိ ခေါ်ယူ ထားပြီးဖြစ်သည်။

ရှမ်းယူနိုက်တက် အသင်း၌ ရောက်ရှိနေသော နိုင်ငံခြားသားကစားများမှာ နောက်ခံကစားသမား ဝီလျှံ ( Biassi Nyak we William) ၊ အလယ်တန်းကစားသမားများဖြစ်သည့် မက်ခ်ဆာကီ (Mark Sekyi )နှင့် ယူရီ ( Hirota Ryuji )၊ တောင်ပံကစားသမား ဘာကာယိုကို (Bakayoko Moussa Paul) နှင့် တိုက်စစ်မှုး ရင်တာရို (Efrain Rintaro Da Silva) တို့ဖြစ်သည်။

ထို့ပြင် အသင်းအ‌နေဖြင့် အပြောင်းအရွှေ့ကာလအတွင်း ကောင်းမြတ်သူနှင့် အောင်နိုင်ဝင်းတို့ကို အခြားပြည်တွင်းကလပ်များသို့ အငှားစေလွှတ်ခဲ့ပြီး မြတ်ကောင်းခန့်နှင့် ဂျပန်နိုင်ငံသားယူရီ တို့ကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

လက်ရှိ ပြည်တွင်း ပွဲစဉ် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ် (11) အပြီးတွင် ရှမ်းယူနိုက်တက် အသင်းအ‌နေဖြင့် ရမှတ်(၃၁) မှတ်ရရှိပြီး အမှတ်ပေးဇယား အဆင့် (၁) တွင် ရပ်တည်နေကာ ပြိုင်ဘက် ဧရာဝတီ ယူနိုက်တက် အသင်း အနေဖြင့် ရမှတ် (၅) မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁၀) တွင်ရပ်တည်နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းအနေဖြင့် MNL League Cup 2024 အတွက် ချန်ပီယံဆု ရရှိထားပြီး၊ လက်ရှိတွင် Myanmar National League ပြိုင်ပွဲ၊ AFF SHOPEE CUP ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071