ကမ္ဘာ့ရွှေးကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေးလည်း ကျပ် (၇၈) သိန်းအောက် ပြန်လည်ကျဆင်းလာကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို အမေရိကန်ဒေါ်လာ (၃၄၀၀) ဝန်းကျင် ဒေါ်လာပေါက်ဈေး ရှိခဲ့ပေမဲ့ ဩဂုတ် (၁၁)ရက် ညပိုင်းတွင် အမေရိကန်ဒေါ်လာ (၃,၃၄၃) ဒေါ်လာထိ ပြန်လ ည်ကျဆင်းခဲ့သည်။
ဩဂုတ် (၁၀) ရက်တွင် ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ် လာ (၃၄၀၀) ဝန်းကျင် ဒေါ်လာပေါက်ဈေး ရှိခဲ့ပြီး တစ်ရက်အတွင်း အမေရိကန် ဒေါ်လာ (၆၀) ဝန်းကျင် လျော့ကျလာခဲခြင်းဖြစ်သည်။
ပြည်တွင်း ရွှေဈေးသည်လည်း ဩဂုတ် (၁၀) ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၇၈၀၀၀ဝ၀) ပေါက် ဈေးရှိခဲ့ရာမှ ဩဂုတ် (၁၁) ရက် ဈေးကွက် ပိတ်ချိန်တွင် (၇၇၄၀ ၀၀၀) အထိ လျော့ကျသွားခဲ့ပြီး ပြည်တွင်း ဈေးသည်လည်း တရက်အတွင်း တကျပ်သားကို ကျပ် (၆၀၀၀၀) ပြန်ကျဆင်းခဲ့ကြောင်း သိရသည်။
တစ်ဘက်တွင်လည်း အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းသည် ယခင် (၄၄၇၀) ကျပ် ဝန်းကျင်မှ လက်ရှိတွင် (၄၄၁၀) ကျပ် အထိ ပြန်လည်ကျဆင်းနေသည်။
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်သည့် ရွှေတကျပ်သားဈေးသည် (၅,၉၀၀,၀၀၀) ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်ပေါက်ဈေးနှင့် (၁၈) သိန်းကျော် ကွာဟချက် ရှိနေခြင်းလည်းဖြစ်သည်။
