Tuesday, June 23, 2026

နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ လာမည့် ၂၄...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ လာမည့် ၂၄ နာရီအတွင်းရေပြန်ကျနိုင်သော်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လည်တည်ရှိမည်ဟု မိုးဇလက ယနေ့ ဇွန် ၂၃...

မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း (၅)...

မသန်စွမ်းသူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိကာ ဘဝအမှီအခိုကင်းစွာ ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း (၅) မျိုးကို မကြာမီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)...

ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် “Great Heritage...

ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage –...

ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် “Great Heritage...

ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage –...
HomeNewsLocal Newsပြည်တွင်းမှ ထိုင်းနိုင်ငံသို့ ရက်တိုအလည်အပတ်ခရီးစဉ်...

ပြည်တွင်းမှ ထိုင်းနိုင်ငံသို့ ရက်တိုအလည်အပတ်ခရီးစဉ် သွားရောက်လည်ပတ်မှု များပြားနေ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရက်တိုအလည်အပတ် ခရီးစဉ် သွားရောက်လည်ပတ်မှု များပြားနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ယင်းသို့ သွားရောက်လည်ပတ်ကြရာတွင် ခရီးစဉ်များအနက် (၃) ရက်၊ (၄)ရက် ခရီးစဉ်အနေဖြင့် ရက်တိုခရီးစဉ် သွားရောက်လည်ပတ်မှု များပြားကြောင်း သိရသည်။

“ပြည်ပခရီးစဉ် အနေနဲ့ အခုလက်ရှိ အလည်အပတ်သွားရောက်မှုများနေတာကတော့ ထိုင်းနိုင်ငံကိုပါ။ ပြီးခဲ့တဲ့လ ပိတ်ရက်တွေကတည်းက အခုထိ အသွားများနေသေးတယ်။ အများစုကတော့ ထိုင်းနိုင်ငံကို ရက်တိုအလည်အပတ်သွားရောက်ကြတာများတယ်”ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ဖေဖော်ဝါရီလမှ ဧပြီလအထိ ပြည်ပသို့ ခရီးသွားအများဆုံး သွားရောက်လည်ပတ်ကြသည့် လများဖြစ်ပြီး လာမည့်ဖေဖော်ဝါရီလမှစ၍ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်သွားရောက်မှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။

“ဒီဇင်ဘာ၊ ဇန်နဝါရီလက နည်းနည်းလေးအေးတော့ ဗုဒ္ဓဂယာဘုရားဖူးက အသွားနည်းတယ်။ ဒါပေမဲ့ (၂) လပိုင်းကစပြီး ခရီးသွားဖို့ ရာသီဥတုအခြေအနေကလည်း ကောင်းတဲ့အတွက် ဒီလတွေမှာ ခရီးသွားများတယ်။ သင်္ကြန်ရက်တွေဆိုရင် ဗုဒ္ဓဂယာဘုရားဖူးကလည်း အများဆုံး သွားရောက်ကြတယ်။ ဒါကြောင့် ဖေဖော်ဝါရီလမှ ဧပြီလအထိ ဗုဒ္ဓဂယာသွားတာအများဆုံးပဲ”ဟု ၎င်းကဆိုသည်။

ထို့အပြင် မတ်လနှင့်ဧပြီလတွင် ဗီယက်နမ်ခရီးစဉ်၊ ဥရောပသို့ ရက်ရှည်သွားရောက်လည်ပတ်ကြသည့် ခရီးစဉ်အချို့ရှိကြောင်း ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ လာမည့် ၂၄ နာရီအတွင်းရေပြန်ကျနိုင် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လည်တည်ရှိမည်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ လာမည့် ၂၄ နာရီအတွင်းရေပြန်ကျနိုင်သော်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လည်တည်ရှိမည်ဟု မိုးဇလက ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းတွင်အသိပေးခဲ့သည်။ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော် ကျော်လွန်ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း (၃) လက်မခန့်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့အတူ နန့်ကောင်းချောင်းရေသည်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခန့်ကျော်လွန်ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း (၃)လက်မခန့်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့ကြောင့် မိုးကောင်းမြို့နယ်ရှိ ချောင်းကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်...

မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း (၅) မျိုး ဖွင့်လှစ်မည်

မသန်စွမ်းသူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိကာ ဘဝအမှီအခိုကင်းစွာ ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း (၅) မျိုးကို မကြာမီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ထံမှ သိရသည်။ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) သည် မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ်အတွင်းတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရန် ရည်ရွယ်၍ သင်တန်းအသစ်များ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်လှစ်မည့် သင်တန်းများမှာ IT Training သင်တန်း (သင်တန်းကာလ ၄ လ)၊ Language Training သင်တန်း...

ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် “Great Heritage – Common Future” နိုင်ငံတကာဖိုရမ်တွင် ဦးခင်ရီ မိန့်ခွန်းပြောကြား

ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ တက်ရောက်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၂ ရက်တွင် ဖိုရမ်၏ စုံညီအစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ Brest Regional Community and Cultural Center ၌ ကျင်းပသည့် အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071