မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “ရှင်းသန့်” ဟိုတယ်နှင့် ဘူဖေးထမင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီ (၂၄)ရက်၊ နံနက် (၉)နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် (၆၈) A/ (၁၃၂)လမ်းနှင့် (၁၃၃)လမ်း ကြားရှိ ရှင်းသန့်ဟိုတယ်နှင့် ဘူဖေးထမင်းဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ နယ်မြေခံ မီးသတ်များထွက်ခွါငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၉)နာရီ၊ (၄)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၉)နာရီ (၁၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှလိုအပ်သည်များဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၀)ရက်၊ နံနက်အစောပိုင်း(၄)နာရီကျော် အချိန်ခန့်ကလည်း ချမ်းအေးသာစံမြိုနယ်၊ လမ်း (၃၀) နှင့် (၃၁)လမ်း (၈၆)လမ်းနှင့် (၈၇)ကြားရှိ နေအိမ် မီး လောင်မှုဖြစ်ပွားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် (၆)အိမ်ခန့် မီးလောင်ပျက်စီးဆုံးရှုးခဲ့ရကြောင်း မီးသတ်တပ်ဖွဲနှင့် ဒေသခံများထံမှ သိရသည်။
