မိုးရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။
ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှော ရောဂါသည် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသည့် အစားအစာများကို စားသောက်မိရာမှ ကူးစက်နိုင်သည်ဟုလည်း သတိပေးထားသည်။
ထို့ပြင် ရောဂါသည် မိုးဦးကျကာလနှင့် မိုးအကုန်ဆောင်းအကူးကာလများ၌ အဖြစ်များကာ အချိန်မီကုသမှု မခံယူပါက အသက်ေ-သဆုံးနိုင်သည့်အတွက် ရောဂါဖြစ်ပွားကြောင်းသံ သယရှိပါက နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းများကို သတင်းပေးပို့ပြီး ထိရောက်သည့် ကုသမှုခံယူရန် လိုအပ်ကြောင်းလည်း အသိပေးထားသည်။