Friday, December 5, 2025

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...
HomeNewsLocal Newsပြင်ဦးလွင်၌ ဆင်လမ်း(၂)ရေလှောင်တမံစီမံကိန်းနှင့် ပင်တီးရေလှောင်တမံစီမံကိန်းတို့အားအကောင်အ...

ပြင်ဦးလွင်၌ ဆင်လမ်း(၂)ရေလှောင်တမံစီမံကိန်းနှင့် ပင်တီးရေလှောင်တမံစီမံကိန်းတို့အားအကောင်အ ထည်ဖော်မည်

ပြင်ဦးလွင်ဒေသသောက်သုံးရေဖူလုံစွာရရှိစေရေးအ တွက် ဆင်လမ်း(၂)ရေလှောင်တမံစီမံကိန်းနှင့် ပင်တီးရေလှောင်တမံစီမံကိန်းတို့အားအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင် ဘာ ၃ ရက်ကပြင်ဦးလွင်ဒေသရေဖူလုံစွာရရှိရေး ဆောင်ရွက်ထားရှိမှုအားကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ယာယီသမ္မတမှ ဆင်လမ်းရေလှောင်တမံအားကြည့်ရှုစစ်ဆေးပြီး ဆင်လမ်း(၂)ရေလှောင်တမံအား ဆင်ဖြူချောင်းနေရာ၌တည်ဆောက်သွားမည်ဖြစ်ကာ စီမံကိန်းပြီးစီးပါက ခန့်မှန်းရေလှောင်ပမာဏ (၁,၂၀၀)ဧကပေ၊ ပင်တီးရေလှောင်တမံအား သဖြိုက် ချောင်းနေရာ၌တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ခန့်မှန်းရေလှောင်ပမာဏ(၄,၀၀၀)ဧကပေသိုလှောင်နိုင်ကာ အကျိုးကျေးဇူးများစွာရရှိမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

” ရေလှောင်တမံစီမံကိန်းနှစ်ခုတည်ဆောက်ပြီးရင် ပြင်ဦးလွင်မြို့မှာသောက်သုံးရေဖူလုံလာမှာပါ။ အနာဂတ်မှာဖြစ်ပေါ်လာနိုင်မယ့် လူဦးရေအတွက်ပါ လုံလောက်နိုင်မှာပါ။ မြို့ရဲ့ဂုဏ်ဒြပ်ဖြစ်တဲ့ ပန်းမြို့တော်၊ ကော်ဖီမြို့တော်စီမံကိန်းတွေအတွက်လည်းအထောက်အကူဖြစ်စေနိုင်ပြီး ခရီးသွားလုပ်ငန်းလည်း များစွာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ ဒေသရဲ့လူမှုစီးပွားဘဝတွေ များစွာတိုးတက်လာမှာဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတသည် စည်သာရေလှောင်တမံရေပိုလွှဲတွင် ရေပိုလွှဲ(၃)ပေအမြင့်မြှင့်တင်ထားရှိမှု၊ စည်သာရေလှောင်တမံနှင့် စည်သာရေကူရေ လှောင်တမံတို့ကိုကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်မြို့နေလူဦးရေတိုးပွားလာသည်နှင့်အမျှ သောက်သုံးရေနှင့် စိုက်ပျိုးရေလိုအပ်ချက်များမြင့်မားလာမည်ဖြစ်ကာ ဒေသသို့လာရောက်သည့် ခရီးသွားဧည့်သည်များ၏ သုံးရေများအတွက်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်၍ ပြင်ဦးလွင်ဒေသရေဖူလုံစွာရရှိရေးအတွက် ရေလှောင်တမံများအဆင့်မြှင့်တင်ခြင်း၊ သစ်တောသစ်ပင်ဖုံးလွှမ်းမှုဖော်ဆောင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှလိုအပ်သည်များကိုဖြည့်ဆည်းပေးသွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ဆင်လမ်းတမံရေပိုလွှဲအား (၂)ပေမြှင့်တင်ခဲ့ရာ ယခင်ကန်ရေပြည့်ရေလှောင်ပမာဏ(၆,၈၄၆)ပေမှ ယခုအခါ ယခင်ကထက် ရေလှောင်ပမာဏ(၄၁၂)ဧကပေ၊ ရေဂါ လန်(၁၁၂)သန်းပိုမိုသိုလှောင်နိုင်ပြီး အချင်း(၁၈)လက် မရှိ သံမဏိရေထုတ်ပြွန်မှတစ်ဆင့် ပြင်ဦးလွင်မြို့ရှိ လူ ဦးရေ(၁၅,၀၀၀)ခန့်ကိုတိုးချဲ့ရေပေးဝေနိုင်မည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် စည်သာရေလှောင်တမံရေပိုလွှဲအား (၃)ပေမြှင့်တင်ခဲ့၍ ယခင်ကန်ရေပြည့်ရေလှောင်ပမာဏ(၃,၃၇၀) ဧကပေရှိခဲ့ရာမှာ ယခုအခါ ယခင်ကထက် ရေလှောင်ပမာဏ(၂၆၇)ဧကပေ၊ ရေဂါလန်(၇၂)သန်းခန့် ပိုမိုသို လှောင်နိုင်ပြီး လူဦးရေ(၁၀,၀၀၀)ခန့်ကိုတိုးချဲ့၍ရေပေးဝေနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄ မိနစ်အရောက်မှာ စတင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင် ကစားကြသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။ ပွဲစဉ်အပြီး မြန်မာအသင်း အနိုင်ကစားနိုင်မည်လားဆိုသည်ကို မြန်မာပရိတ်သတ်များ စောင့်ဆိုင်း အားပေးနေကြပြီး ပွဲမစခင်ကွင်းအတွင်းတွင်လည်း မြန်မာအမျိုးသမီးဘောလုံးအသင်းကို လာရောက်နှုတ်ဆက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။ ဓာတ်ပုံ- i...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times City Complex ဝန်ထမ်းများပူးပေါင်းကာ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး ပူးပေါင်းလေ့ကျင့်ခြင်း (Fire Safety Drill) ကို နံနက် ၁၀ နာရီ၌ Times City Jewellery Mall ရှေ့တွင် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုကို မီးသတ်ဌာနချုပ်မှ INSARAG medium Team တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်ထားသည့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင်...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ ဆော်မှု(Campimg)များပြုလုပ်

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု လုပ်ထားကြောင်း သိရသည်။ မကွေးမြို့ရှိ လူစည်ကားရာနေရာများဖြစ်သော ကန်သာမင်္ဂလာကန်တော်တွင် LED ဘုတ်ယေ Night Market တွင် ‌LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်ရေးတေးသီချင်းများ၊ ရုပ်ရှင်အနုပညာရှင်များ၏ ရွေး ကောက်ပွဲအသိပညာပေးဆိုင်ရာနှိုးဆော်မှုဇာတ်လမ်းတိုများဖွင့်လှစ်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁ ရက်မှစတင်၍ မကွေးတိုင်းရှိ မြို့ နယ်များအလိုက် ထွေအုပ်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071