ပြင်ဦးလွင် – နောင်ချိုမှ ရပ်စောက်လမ်းအတိုင်း လမ်းကြောင်းများတွင် လမ်းပိုင်းများ၌ လမ်းပိ-တ်ထားခြင်းမျိုးမရှိကြောင်း ဖြတ်သန်းသွားလာခဲ့သည့် ယာဉ်မောင်းနှင်သူများက ပြောသည်။
လက်ရှိ၌ နမ့်လန်-မိုင်းကိုင် လမ်းပိုင်း၊ နမ့်လန်-ကျောက်ဂူလမ်းပိုင်း၊ နောင်ပိန်(အထက်ရဲရွာ)-သာစည်လမ်းပိုင်းများကိုယနေ့အထိ လမ်းပိ-တ်ထားခြင်းမရှိသလို အိမ်စီးကားငယ် ခရီးသည်ကားငယ်များ အတက်အဆင်းပုံမှန်သွားလာနေကြကြောင်းလည်း သိရသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း၌ နမ့်လန်-ကျောက်ဂူလမ်းပိုင်း၊ နောင်ပိန်(အထက်ရဲရွာ)-သာစည်လမ်းပိုင်းကို ကားငယ်များ အဆင်ပြေစွာသွားလာနေကြကာ အခြေအနေအချိန်အခါအရ အပြောင်းအလဲရှိတတ်ကြောင်းလည်း ယာဉ်မောင်းနှင်သူများက မျှဝေထားသည်။
“မေမြို့ အထွက်ကနေ နောင်ချိုအထိ လမ်းတလျှောက်မှာ ပျ-က်စီးမှုအခြေအနေက အုမ္မသီး အဆိုး ဆုံးပဲ။
တပ်တွေကတော့ လုံခြုံရေးသေသေချာချာ လုပ်ထားတယ်။”ဟု နောင်ချိုသွားခရီးသည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောကြားသည်။
