Friday, April 3, 2026

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP...

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော် လည်း အချုပ်အခြာအာဏာကိုထိပါးစေမည့်...

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ယနေ့ ဧပြီ ၂ ရက်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃...

ရန်ကုန်သင်္ကြန်အတွက် ရေဆက်သွယ်ကစားရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု...

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များတွင် ရေကိုစနစ်တကျ ဆက်သွယ်အသုံးပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေဆက်သွယ်ကစားလိုသူများအနေဖြင့် ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့်...

သင်္ကြန်ပိတ်ရက်အတွင်း မြန်မာ့မီးရထားလမ်းကြောင်းများ ပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း...

သင်္ကြန်ပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူစီးရထားများကို နေ့စဉ်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း...
HomeNewsLocal Newsပြင်ဦးလွင်မြို့မှ နိုင်ငံပိုင်ငှားရမ်းထားသည့်ဟိုတယ်များ

ပြင်ဦးလွင်မြို့မှ နိုင်ငံပိုင်ငှားရမ်းထားသည့်ဟိုတယ်များ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ နိုင်ငံပိုင်ငှားရမ်းထားသည့် ရှေးဟောင်းအဆောက်အဦးများဖြစ်သော ဟိုတယ်များကို ခရီးသွားရာသီတွင် ခရီးသွားများလာရောက်တည်းခိုချိန်စိတ်ချမ်းသာစေရေးအတွက် ပြင်ဆင်မှုအချို့ကို ဟိုတယ်တိုင်းနီးပါးကဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဟိုတယ်အဆောက်အဦများ/အခန်းများမွမ်းမံပြင်ဆင်ထားမှု၊ ဧည့်သည်များလာရောက်တည်း ခိုနေထိုင်လျက်ရှိမှု၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုများပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဟိုတယ်များသန့်ရှင်းသာယာလှပရေးပြင်ဆင်ထားရှိမှုတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး Jeng Phang ကကြည့်ရှုစစ်ဆေးခဲ့သည်။

ပြင်ဦးလွင်မြို့ရှိ ဟိုတယ်အဆောက်အဦးများသည်ရှေးဟောင်းအဆောက်အဦများဖြစ်၍ ဟိုတယ်အဆောက်အဦ၊ အခန်းများအားပြုပြင်မွမ်းမံရာတွင် ရှေးမူမပျက် အထူးဂရုပြုပြင်ဆင်ထိန်းသိမ်းရန်၊ လာရောက်တည်းခိုသည့် ဧည့်သည်များအား ဝန် ဆောင်မှုကောင်းများပေးနိုင်ရန်အစဉ်တစိုက်ကြိုး စားကြရန်တိုက်တွန်းပြောကြားသည်။

ထို့ပြင်ပြင်ဦးလွင်မြို့အား ခရီးသွားမြို့တော်၊ အားကစားမြို့တော်၊ ပန်းမြို့တော်၊ ကျန်းမာရေးမြို့ တော်၊ ကော်ဖီမြို့တော်ဖြစ်စေရေးအတွက်အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များတွင် ဟိုတယ်လုပ်ငန်းဆောင်ရွက်သူများက ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြရန် ပြင်ဦးလွင်မြို့သို့ ခရီး သွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ကြိုးစားဆောင်ရွက်ရန်၊ အစိမ်းရောင်ဟို တယ်များဖြစ်စေရေးကြိုးစားကြရန်လည်း မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၃၅၉,၀၀၀.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၄,၁၀၆,၇၂၀.၀၀ အား စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ လည်းကောင်း ဧပြီ ၂ ရက်နေ့က ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။ ဧပြီ ၂ ရက်နေ့တွင် FX Trading ၌ စားသုံးဆီမှ (၁၆)ရာခိုင်နှုန်း ၊...

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော် လည်း အချုပ်အခြာအာဏာကိုထိပါးစေမည့် ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုလက်မခံ

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ယနေ့ ဧပြီ ၂ ရက်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၃၁ ရက်အထိ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအ နေများကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်လိုက်မှုကင်းစွာရှုမြင်သုံးသပ်ရန်ပျက်ကွက်နေကာ ဆန့်ကျင်ဖက်အဖွဲ့အစည်းများထံမှရရှိသည့် ခိုင်လုံမှုမရှိသောသတင်းအ ချက်အလက်များကိုအခြေခံသည့် ဆွေးနွေးနေမှုများပြုလုပ်ခဲ့သည်မှာစိတ်ပျက်ဖွယ်ဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားသည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်  ပြည်တွင်းငြိမ်းချမ်းရေး၊...

ရန်ကုန်သင်္ကြန်အတွက် ရေဆက်သွယ်ကစားရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု အသိပေး

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များတွင် ရေကိုစနစ်တကျ ဆက်သွယ်အသုံးပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေဆက်သွယ်ကစားလိုသူများအနေဖြင့် ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့မှ ရေကို ယာယီဆက်သွယ်အသုံးပြုလိုပါက ၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နေ့လည် ၁၂ နာရီမတိုင်မီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) သို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်သည်။ လျှောက်လွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရှိ (ရေ/သန့်) တာဝန်ခံရုံးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင် အခမဲ့ထုတ်ယူနိုင်ပြီး လျှောက်ထားရာတွင် သတ်မှတ်ပုံစံအတိုင်း ဖြည့်စွက်ကာ သက်ဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071