Wednesday, December 17, 2025

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...
HomeNewsLocal Newsပြင်ဦးလွင်မြို့နယ်အတွင်း မြေ‌ရောင်းချမှုများတွင် နိုင်ငံတော်မှ...

ပြင်ဦးလွင်မြို့နယ်အတွင်း မြေ‌ရောင်းချမှုများတွင် နိုင်ငံတော်မှ ခွင့်ပြုထားသည့် စည်းကမ်းများအတိုင်း လိုက်နာခြင်းမရှိပါက အရေးယူခံရမည်ဟုဆို

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ကျေးရွာဘုံမြေ၊ ရွာမြေများတွင် နိုင်ငံတော်အစိုးရမှ ခွင့်ပြုချထားပေးသည့် နည်းလမ်းများအတိုင်း လုပ်ကိုင်ခြင်းမရှိဘဲ မြေကွက်များအား ကွက်စိပ် ရိုက်၍ ရောင်းချနေမှုများနှင့် ပတ်သက်၍ အစိုးရက ခွင့်ပြုပေးထားသည့် စည်းကမ်းများအတိုင်း လိုက်နာခြင်း မရှိပါက ဥပဒေအရ အရေးယူခံရမည်ဟု သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ‌မြေအမျိုးအစားများအား ဈေးနှုန်းသက်သာစွာ အိမ်ခြံမြေအကျိုးဆောင်များ၊ ပွဲစားများမှ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Live လွှင့်ကာ မဲနှိုက်‌ရောင်းချခြင်း၊ကြေညာရောင်းချနေခြင်းများနှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် ၊ ပြည်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပုံစံ (၇) ရရှိထားသော်လည်း ပုံစံ (၇) ပါစည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ခြင်းမရှိဘဲ ကျော်လွန် ဆောင်ရွက်ခြင်း၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်ထားပြီး ခွင့်ပြုချက်မရရှိဘဲ မြေကွက်များ အကွက်ရိုက်ခြင်း၊ အဆောက်အဦးများ ဆောက်လုပ်နေခြင်း၊အခြားနည်းအသုံးပြုခွင့် ရရှိထားသော်လည်း လျှောက်ထားသည့်နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေခြင်း၊ မြို့မြေများပေါ်ရှိ မြေ ငှားဂရန် အငှားချထားခြင်း ခံရသူများမှလည်း မြေငှားဂရန်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ကွက်စိပ်များရိုက်၍ ရောင်းချနေခြင်းများရှိနေကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အသိပေး ထုတ်ပြန်ချက်အရ သိရသည်။

ပြင်ဦးလွင်မြို့ ၊ မြို့ပေါ်ရပ်ကွက်ကြီး(၂၁)ရပ်ကွက်သည် စည်ပင်နယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ ယင်းရပ်ကွက်ကြီးများမှ စိုက်ပျိုးမြေများ၊ လယ်ယာမြေများတွင် နေအိမ်များ တရားဝင်ဆောက်လုပ်ခွင့်ရှိသယောင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြေညာ၍ မြေကွက်များရောင်းချနေသည်ကိုလည်း စိစစ်တွေ့ရှိရ‌ကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်း မြေကွက်များအား ကွက်စိပ်ရိုက်ခြင်း၊ ကွန်ကရစ်တိုင်စိုက်ထူ၍ ခြံစည်းရိုးကာရံခြင်း၊ အုတ်တံတိုင်းအခိုင်အမာပြုလုပ်ခြင်းများအပေါ် မြေအမျိုးအစားနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများမှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ကြောင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေကွက်များအား ကွက်စိပ်ရိုက်၍ မက်လုံးပေးရောင်းချနေမှုများကို ဝယ်ယူမိပါက နောင်တစ်ချိန်တွင်နစ် နာဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ပြီး မြေယာလုပ်ပိုင်ခွင့် ရရှိသူများ အနေဖြင့်လည်း မြေအမျိုးအစားအလိုက် နိုင်ငံတော်မှ ခွင့်ပြုပေးထားသည့် စည်းကမ်းများအတိုင်းလိုက်နာခြင်းမရှိပါ က သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခံရမည်ဟု ပြည်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း ဇယားသည် ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့ ယှဉ်ပြိုင်မှုများအထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဇယားတွင် မြန်မာက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၉ဆု၊ ကြေးတံဆိပ် ၂၄ ဆု ရရှိထားသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးတစ်ဦးချင်း လိုက်ဝိတ်ပွဲစဉ်၌ မြန်မာက ကြေးတံဆိပ် ရရှိထားသည်။ မြန်မာအတွက် ရွှေတံဆိပ်ဆု...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071