Sunday, May 18, 2025

အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

ဘောလုံးဝါသနာပါသည့် လူငယ်များအတွက် မန္တလေးမြို့၌ နွေရာသီအခမဲ့ ဘောလုံးသင်တန်း ဒုတိယ အသုတ်ထပ်ဖွင့်ရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယခု ဒုတိယအသုတ် သင်တန်းကို မနက်ဖြန် မေ...

ဖင်းလန်တွင် ရဟတ်ယာဉ်နှစ်စင်း တို-က်မိ၍ လူ...

ဖင်းလန်နိုင်ငံတွင် စနေနေ့က ရဟတ်ယာဉ်နှစ်စင်းသည် ဝေဟင်တွင် တို-က်မိကာ မြေပြင်သို့ ပျ-က်ကျခဲ့သောကြောင့် ယာဉ်များပေါ် လိုက်ပါလာသော လူငါးဦးစလုံး ‌ေ-သဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ “စနေနေ့က...

လီဆာ၏ ပုံရိပ်ဖြင့် ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာအရောင်းမြှင့်တင်ရန်...

ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာတွင် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွင် ထိုင်းနိုင်ငံဖွား ကေပေါ့ပ်နာမည်ကျော် လာလီဆာ လီဆာမန်နိုဘောလ်ကို ထည့်သွင်းပေးရန် ဒေသတွင်း သစ်သီးစိုက်တောင်သူများက ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာကို တောင်းဆိုခဲ့ကြသည်။ စနေနေ့က...

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed...

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်း ယခုမေ (၂၅)ရက်မှ (၃၀) ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို...
HomeInternationalပျံသန်းဝင်ရောက်လာသည့် တရုတ်စစ်လေယာဉ်များအား ထိုင်ဝမ်မှ...

ပျံသန်းဝင်ရောက်လာသည့် တရုတ်စစ်လေယာဉ်များအား ထိုင်ဝမ်မှ ဂျက်လေယာဉ်များစေလွှတ်ကာ သတိပေး

ပျံသန်းဝင်ရောက်လာသည့် တရုတ်စစ်လေယာဉ်များအား ထိုင်ဝမ်မှ ဂျက်လေယာဉ်များစေလွှတ်ကာ သတိပေး

ထိုင်ဝမ်ကျွန်း၏တောင်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ၄င်း၏​လေ​​ကြောင်းရန်ကာကွယ်​ရေးဇုန်တွင်းသို့ ပျံသန်းလာသောတရုတ် ဗုံးကြဲလေယာဉ်များအပါအဝင် တရုတ်လေယာဉ် ၂၉ စင်းအား သတိပေးရန် ထိုက်ဝမ်ကဂျက်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း သိရသည်။

ယခု​ခေါက်ပျံသန်းခဲ့သော တရုတ်မစ်ရှင်၌ တိုက်လေယာဉ် ၁၇ စင်းနှင့် H-6 ဗုံးကြဲလေယာဉ် ခြောက်စင်းတို့အပြင် ရေဒါနှင့် ရေဒီယီုစနစ်ဖျက် လျှပ်စစ်သံလိုက်ရောင်ခြည်သုံး လေယာဉ်၊ ရေငုပ်သင်္ဘောဖျက် လေယာဉ်နှင့် ဝေဟင်ဆီဖြည့်လေယာဉ်များ ပါဝင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်လေယာဉ်များအား ၎င်း၏ပိုင်နက်မှ ထွက်သွားရန် သတိပေးသည့်အနေဖြင့် တိုက်လေယာဉ်များကို စေလွှတ်ခဲ့ပြီး ၎င်းတို့၏ လမ်းကြောင်းများကို စောင့်ကြည့်​နေကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်လေယာဉ်အချို့သည် ထိုင်ဝမ်နှင့် ဖိလစ်ပိုင်အား ပိုင်းခြားထားသည့် ဘာရှီ ရေလက်ကြားသို့ပျံသန်းခဲ့ပြီး တရုတ်နိုင်ငံဘက်သို့ပြန်မလှည့်မီ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက‌ ပေးထားသည့်မြေပုံအရ သိရသည်။

မေလ ၃၀ ရက်၌ တရုတ်လေယာဉ်အစီး ၃၀၊ ဇန်နဝါရီတွင်လည်း လေယာဉ် ၃၉ စင်း ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) သို့ဝင်ရောက်ပျံသန်းခဲ့သည်။

ယင်းကဲ့သို့တရုတ်၏ စစ်ရေးလှုပ်ရှားမှုများကို ထိုင်ဝမ်က “မီးခိုးရောင်ဇုန်” စစ်ပွဲဟုအမည်​ပေးထားသည်။

ယခုကိစ္စနှင့်ပတ်သပ်၍တရုတ်ဘက်မှ ချက်ချင်း မှတ်ချက်ပေးခြင်းမျိုး မရှိပေ။ယခင်က​တော့ နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှုဟု တရုတ်ဖက်က ပြောကြားခဲ့ဖူးသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့်မျက်နှာချင်းဆိုင်တွင်ရှိသော တရုတ်ပြည်နယ်ကို အစွဲပြု၍ အမည်​ပေးထား​သော ၎င်း၏ တတိယမြောက် လေယာဉ်တင်သင်္ဘော Fujian ကို ပြီးခဲ့သည့်သောကြာနေ့တွင်​ရေချခဲ့သည်။

Source: Aljazeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

ဘောလုံးဝါသနာပါသည့် လူငယ်များအတွက် မန္တလေးမြို့၌ နွေရာသီအခမဲ့ ဘောလုံးသင်တန်း ဒုတိယ အသုတ်ထပ်ဖွင့်ရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယခု ဒုတိယအသုတ် သင်တန်းကို မနက်ဖြန် မေ (၁၉) မှ (၃၀) ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပထမအကြိမ်တွင် သင်တန်းသား (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ခဲ့သည့် MFF Summer Football Skills Course 2025 (AYA Pay | M21) နွေရာသီ အခြေခံဘောလုံး အခမဲ့သင်တန်း (မန္တလေး)...

ဖင်းလန်တွင် ရဟတ်ယာဉ်နှစ်စင်း တို-က်မိ၍ လူ ငါးဦး ‌ေ-သဆုံး

ဖင်းလန်နိုင်ငံတွင် စနေနေ့က ရဟတ်ယာဉ်နှစ်စင်းသည် ဝေဟင်တွင် တို-က်မိကာ မြေပြင်သို့ ပျ-က်ကျခဲ့သောကြောင့် ယာဉ်များပေါ် လိုက်ပါလာသော လူငါးဦးစလုံး ‌ေ-သဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ “စနေနေ့က အူရာ လေဆိပ်အနီးမှာ ဖြစ်ခဲ့တဲ့ ရဟတ်ယာဉ်မတော်တဆမှုကြောင့် လူ ငါးဦး ‌ေ-သဆုံးခဲ့ပါတယ်” ဟု စုံစမ်းထောက်လှမ်းရေး စစ်ဆေးရေး အရာရှိချုပ် ဂျိုဟန်နက်စ် ဆီးရီလာက ပြောကြားခဲ့သည်။ ရဟတ်တစ်စင်းတွင် လူနှစ်ဦးပါဝင်ပြီး နောက်တစ်စင်းတွင် လူသုံးဦးပါသည်။ အက်စ်တိုးနီးယန်းမြို့တော် တယ်လင်းမှ ပျံတက်ခဲ့သော ယင်းရဟတ်ယာဉ်များသည် အခင်းဖြစ်နေရာမှ ကီလိုမီတာအနည်းငယ်အကွာရှိပီကာဂျာဗီ ဒေသသို့ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။ သတင်းများအရ ‌ေ-သဆုံးသူများတွင်...

လီဆာ၏ ပုံရိပ်ဖြင့် ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာအရောင်းမြှင့်တင်ရန် တောင်းဆို

ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာတွင် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွင် ထိုင်းနိုင်ငံဖွား ကေပေါ့ပ်နာမည်ကျော် လာလီဆာ လီဆာမန်နိုဘောလ်ကို ထည့်သွင်းပေးရန် ဒေသတွင်း သစ်သီးစိုက်တောင်သူများက ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာကို တောင်းဆိုခဲ့ကြသည်။ စနေနေ့က သူ၏ချန်သာဘူရီပြည်နယ် ခရီးစဉ်အတွင်း မစ္စပေတုံတန်သည် အရှေ့ပိုင်းဒေသမှ သစ်သီးစိုက်ပျိုးသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ တင်ပို့မှု နှောင့်နှေးကြန့်ကြာခြင်းနှင့် လုပ်သားရှားပါးခြင်းတို့ အပါအဝင် စိုးရိမ်ပူပန်မှုများကို ၎င်းတို့က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အဆိုပါ စိန်ခေါ်မှုများကို အစိုးရက ကူညီဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို ၎င်းတို့က အဆိုပြုတင်ပြခဲ့ကြသည်။ ထင်ရှားသော အဆိုပြုချက်များအနက်တစ်ခုမှာ သစ်သီးဝလံများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071