ပျူစောထီးခေါင်းဆောင်တစ်ဦးလို့ စွပ်စွဲအသတ်ခံခဲ့ရတဲ့ ဦးမြင့်ဆန်းအတွက် အမှန်အတိုင်း ဆောင်ရွက်ပေးဖို့ အဖွဲ့များစုပေါင်းတောင်းဆို
စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ် မလဲသာရွာမှာနေထိုင်တဲ့ ကဗျာဦးမြင့်ဆန်းကို ပျူစောထီးခေါင်းဆောင်ဆိုပြီး ZERO ပြောက်ကျားတော်လှန်ရေးအဖွဲ့က သတ်ခဲ့တာနဲ့ပတ်သတ်ပြီး အမှန်တရားအတိုင်း ဆောင်ရွက်ပေးဖို့ ဒေသခံအဖွဲ့ (၁၆) ဖွဲ့က ဒီကနေ့ မှာထုတ်ပြန်လိုက်ပါတယ်။
ဦးမြင့်ဆန်းဟာ တော်လှန်ရေး မတိုင်ခင်ကတည်းက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တက်တက်ကြွကြွ လှုပ်ရှားခဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် မြင့်ဆန်း(မလဲသာ)ကလောင်နဲ့ ကဗျာတွေကို ရေးသားနေသူတစ်ဦးပါ။
သူ့ရဲ့ကဗျာတွေ အတော်လေးကောင်းတယ် လို့ ကဗျာဆရာတစ်ဦးကမှတ်ချက်ပြုပါတယ်။
ဒေသခံအဖွဲ့ (၁၆) ဖွဲ့က ZERO အဖွဲ့အနေနဲ့ ဦးမြင့်ဆန်းဟာ ပျူစောထီးခေါင်းဆောင်ဆိုတဲ့ သက်သေကိုပြဖို့၊ သက်သေမခိုင်လုံရင် ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ကျေနပ်တဲ့အထိ တောင်းပန်ဖို့နဲ့ သက်သေမခိုင်လုံဘဲ မှားယွင်းသတ်ဖြတ်မိရင်တော့ ကျူးလွန်ခဲ့တဲ့ အဖွဲအစည်းနဲ့ လူပုဂ္ဂိုလ်ကိုမှတ်တမ်းတင်ထားပြီး ပြည်သူ့အာဏာပြန်ရတဲ့အချိန် တရားဥပဒေရဲ့ အဆုံးအဖြတ်ကို လက်ခံပါမယ်လို့ ဝန်ခံကတိပြုရမယ်လို့ တောင်းဆိုထားတာပါ။
ZERO ပြောက်ကျားတပ်ဖွဲကဒီကိစ္စကို စုံစမ်းစစ်ဆေးနေသလို တာဝန်ယူမှုအပြည့်နဲ့ ဆောင်ရွက်ပေးသွားမယ်လို ဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။
ဦးမြင့်ဆန်းဟာ ဖေဖော်ဝါရီလ (၃) ရက်နေ့က ပျူစောထီးခေါင်းဆောင်တစ်ယောက်လို့ အစွပ်စွဲခံရပြီး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Zaw Gyi
ပ်ဴေစာထီးေခါင္းေဆာင္တစ္ဦးလို႔ စြပ္စြဲအသတ္ခံခဲ့ရတဲ့ ဦးျမင့္ဆန္းအတြက္ အမွန္အတိုင္း ေဆာင္႐ြက္ေပးဖို႔ အဖြဲ႕မ်ားစုေပါင္းေတာင္းဆို
စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳနယ္ မလဲသာ႐ြာမွာေနထိုင္တဲ့ ကဗ်ာဦးျမင့္ဆန္းကို ပ်ဴေစာထီးေခါင္းေဆာင္ဆိုၿပီး ZERO ေျပာက္က်ားေတာ္လွန္ေရးအဖြဲ႕က သတ္ခဲ့တာနဲ႔ပတ္သတ္ၿပီး အမွန္တရားအတိုင္း ေဆာင္႐ြက္ေပးဖို႔ ေဒသခံအဖြဲ႕ (၁၆) ဖြဲ႕က ဒီကေန႔ မွာထုတ္ျပန္လိုက္ပါတယ္။
ဦးျမင့္ဆန္းဟာ ေတာ္လွန္ေရး မတိုင္ခင္ကတည္းက ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီအေရးေတြမွာ အရပ္ဘက္ အဖြဲ႕အစည္းေတြနဲ႔ တက္တက္ႂကြႂကြ လႈပ္ရွားခဲ့သူတစ္ေယာက္ျဖစ္တဲ့အျပင္ ျမင့္ဆန္း(မလဲသာ)ကေလာင္နဲ႔ ကဗ်ာေတြကို ေရးသားေနသူတစ္ဦးပါ။
သူ႔ရဲ႕ကဗ်ာေတြ အေတာ္ေလးေကာင္းတယ္ လို႔ ကဗ်ာဆရာတစ္ဦးကမွတ္ခ်က္ျပဳပါတယ္။
ေဒသခံအဖြဲ႕ (၁၆) ဖြဲ႕က ZERO အဖြဲ႕အေနနဲ႔ ဦးျမင့္ဆန္းဟာ ပ်ဴေစာထီးေခါင္းေဆာင္ဆိုတဲ့ သက္ေသကိုျပဖို႔၊ သက္ေသမခိုင္လုံရင္ က်န္ရစ္တဲ့ မိသားစုဝင္ေတြကို ေက်နပ္တဲ့အထိ ေတာင္းပန္ဖို႔နဲ႔ သက္ေသမခိုင္လုံဘဲ မွားယြင္းသတ္ျဖတ္မိရင္ေတာ့ က်ဴးလြန္ခဲ့တဲ့ အဖြဲအစည္းနဲ႔ လူပုဂၢိဳလ္ကိုမွတ္တမ္းတင္ထားၿပီး ျပည္သူ႔အာဏာျပန္ရတဲ့အခ်ိန္ တရားဥပေဒရဲ႕ အဆုံးအျဖတ္ကို လက္ခံပါမယ္လို႔ ဝန္ခံကတိျပဳရမယ္လို႔ ေတာင္းဆိုထားတာပါ။
ZERO ေျပာက္က်ားတပ္ဖြဲကဒီကိစၥကို စုံစမ္းစစ္ေဆးေနသလို တာဝန္ယူမႈအျပည့္နဲ႔ ေဆာင္႐ြက္ေပးသြားမယ္လို ဒီေန႔မွာပဲ ထုတ္ျပန္ခဲ့ပါတယ္။
ဦးျမင့္ဆန္းဟာ ေဖေဖာ္ဝါရီလ (၃) ရက္ေန႔က ပ်ဴေစာထီးေခါင္းေဆာင္တစ္ေယာက္လို႔ အစြပ္စြဲခံရၿပီး အသတ္ခံခဲ့ရတာ ျဖစ္ပါတယ္။


