နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် မေ ၆ ရက်ည ၁၀ နာရီ ၁၇ မိနစ်ခန့်က ဖုန်းအားသွင်းကြိုးအပူလွန်ကဲရာမှ မီးလေ-ာင်မှုဖြစ်ပွားကာ ပျ-က်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် ပျဥ်းမနားအရန်မီးသ-တ်တပ်ဖွဲ့တို့ထံမှ သိရသည်။
ပျဉ်မနားမြို့နယ်၊ သူဌေးကုန်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဖုန်းအားသွင်းကြိုးအပူလွန်ကဲရာမှ မီးလေ-ာင်မှုဖြစ်ပွား၍ မီးသ-တ်တပ်ဖွဲ့ဝင်များ၊ ပျဥ်းမနားအရန်မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသ-တ်ခဲ့ကြသဖြင့် ည ၁၀ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလေ-ာင်မှုကြောင့် နေအိမ်(၁၃)လုံးပျ-က်စီးဆုံးရှုံးကာ အရန်မီးသ-တ်တပ်ဖွဲ့ဝင်(၂)ဦးတွင် ခြေထောက်ကွဲဒ-ဏ်ရာနှင့် စတင်လေ-ာင်ကျွမ်းသည့်နေအိမ်မှ အမျိုးသမီး (၁)ဦးတွင် မီးလေ-ာင်ဒ-ဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယနေ့ မေ ၇ ရက်နံနက် ၁ နာရီ ၅ မိနစ်ခန့်ကလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အသုတ်တံတားဘေးတွင် မီးလေ-ာင်မှုဖြစ်ပွား ရေကြည်မြို့နယ်၊ သုံးခွနယ်မြေ၊ အသုတ်နယ်မြေမီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁ နာရီ ၂၈ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
Photo-MFSD / ပျဥ်းမနားအရန်မီးသတ်
