နေပြည်တော်၊ ပျဥ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)တွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာမှ နေအိမ်များပျ-က်စီးဆုံးရှုံးကာ တပေါင်းကွင်းရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် ယာယီနေထိုင်နေကြရသော မီးဘေးသင့်သူ(၃၀၈)ဦးအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်မှ ဇန်နဝါရီ ၂ ရက်က တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် အားပေးစကားပြောကြားကာ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊ ဆန်၊ ဆီ၊ စောင်၊ အိပ်ရာခင်းဖျာ၊ ပုဝါ၊ ကုလားပဲ၊ မုန့်၊ အချိုရည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဇန်နဝါရီ ၁ ရက်ကလည်း မီးဘေးသင့်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက တွေ့ဆုံပြီးအားပေးစကားပြောကြားကာ ဝန်ကြီးဌာနမှထောက်ပံ့သော ငွေကျပ်(၂၅၇)သိန်းခန့်တန်ဖိုးရှိ ဆန်ရိက္ခာဖိုး၊ အိမ်ပျ-က်စီးမှုထောက်ပံ့ကြေး၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
