Looking for something?

Explore the website

Looking for something?

Saturday, June 21, 2025

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ...

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...
HomeNewsLocal Newsပဲခူးမြို့ရှိ ဟံသာဝတီရှေးဟောင်းယဥ်ကျေးမှုအမွေ အနှစ်များအား...

ပဲခူးမြို့ရှိ ဟံသာဝတီရှေးဟောင်းယဥ်ကျေးမှုအမွေ အနှစ်များအား ပြန်လည်ဖော်ထုတ်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဟံသာဝတီရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်လျက်ရှိရာ ဟံသာဝတီမြို့ရိုး တောင်ဘက်ရှိ မိုးကောင်းတံခါးပေါက်အနီးမှ ကုန်းဘောင်တံခါးပေါက်အနီးထိ တစ်ဆက်တည်းမြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ အရှေ့ဘက်ရှိ တောင်ငူတံ ခါးနှင့် အင်းဝတံခါးကြား မြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ကျုံးပြန်လည်တူးဖော်ထိန်းသိမ်းခြင်း၊ ကမ္ဘောဇသာဒီနန်းတော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေမှုများအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဧပြီ ၂၆ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ရိုးဖော်ထုတ်ထိန်းသိမ်းရာတွင် တူးဖော်တွေ့ရှိသည့် အထောက်အထားများအား သက်ဆိုင်ရာပညာရှင်များ၏ အကြံဉာဏ်ရယူ၍ မည်သည့်အဆောက်အဦဖြစ်နိုင်သည်ကို အတည်ပြုရန်၊ မြို့ရိုးများဖော်ထုတ်ရာတွင် ရှေးမူလက်ရာများ ပျက်စီးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ မြို့ရိုးဖော်ထုတ်ရာတွင် ကျုံးပတ်လမ်းဖော် ထုတ်ခြင်း၊ မြေညှိခြင်းများကိုတစ်ပါတည်း ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ထို့အတူ ကမ္ဘောဇသာဒီနန်းတော်ကြီး၏ ခေါင်မိုးများရေလုံဆေးသုတ်ခြင်းနှင့် ရေတလျောက်တပ်ဆင်ခြင်းအား မိုးရာသီမရောက်မီအပြီးဆောင်ရွက်ရန်၊ နန်းတော်အတွင်းရှိ တိုင်းလုံးကြီးများတွင် မြန် မာမှုတပ်ဆင်ခြင်းနှင့် ကြမ်းခင်းပြုပြင်ခြင်းတို့ကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ်(၂)သံမဏိစက်ရုံ(မြောင်းတကာ)၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။ သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်၍ စက်ရုံအနေဖြင့် တာဝါတိုင်များ၊ တံတားသံဘောင်များကို စနစ်တကျဆက်လက်ထုတ်လုပ်သွားရန်ပြီး အဓိကအားဖြင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် Deformed Bar များလိုအပ်သဖြင့် ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ " ဆောက်လုပ်ရေးသုံး သံမဏိတွေကို ပြည်ပကနေနှစ်စဉ်ဝယ်ယူနေရရင် နိုင်ငံတော်အတွက် ငွေကြေးကုန်ကျမှုများပြားနေအုံးမှာဖြစ်လို့ ပြည်တွင်းမှာ လုံလောက်စွာထုတ်လုပ်နိုင်ဖို့အတွက် ရှိပြီးဖြစ်တဲ့...

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ အလားတူ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေကျော်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း...

ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025" ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲသို့ အာဆီယံနိုင်ငံများမှ အစပျိုးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ အစပျိုးလုပ်ငန်းရှင်များအကြား တီထွင်ဆန်းသစ်မှု အတွေးအခေါ်များ ဝေမျှနိုင်ရန်၊ အလားအလာရှိသော ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံရှိ အစပျိုးလုပ်ငန်းရှင်များအကြား ကွန်ရက်ခိုင်မာလာစေရန် ရည်ရွယ်၍ ASEAN -Korea...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071