Wednesday, December 17, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) နှင့်မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းများပြီးစီးပါကယာဉ်ကြောပိတ်ဆို့မှုများသက်သာနိုင်

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) နှင့်မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းများပြီးစီးပါကယာဉ်ကြောပိတ်ဆို့မှုများသက်သာနိုင်

နစက ဥက္ကဋ္ဌသည် မေ ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းရှိ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ် -၃)တည်ဆောက်ရေးစီမံကိန်းနှင့်မြန်မာ- ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သာကေတမြို့နယ်နှင့်သန်လျင်မြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်ထားသည့် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)တည်ဆောက်ရေးစီမံကိန်းအား နစက ဥက္ကဋ္ဌမှကြည့်ရှုစစ်ဆေးစဥ် စီမံကိန်းတွင်အသုံးပြုသည့် သံနှင့်သံမဏိပစ္စည်းများဆားငန်ရေဒဏ်ခံနိုင်ရေးနှင့်စံချိန်စံညွှန်းကိုက်ညီရေးတို့ကို စနစ်တကျဆောင်ရွက်ရန် စီမံကိန်းအပိုင်းအလိုက်ဆောင်ရွက်၍ရသည့်လုပ်ငန်းများကို ကြိုတင်ပြီးစီးအောင်ဆောင်ရွက်ပြီး စီမံကိန်းတစ်ခုလုံးသတ်မှတ်ကာလအတွင်းပြီးစီးရေးအတွက်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ပြီးစီးပါက သံလျင်တံတားအမှတ် -၁ တွင်ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကာ သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ပြည်ပစီးပွားရေးလုပ်ငန်းများတိုးပွားလာပြီး ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင် ၊ကျောက်တန်း၊ခရမ်း၊သုံးခွ တို့မှပြည်သူများ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်သည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်နှင့်သန်လျင်ဒေသဖွံ့ဖြိုးတိုးတက်လာမည့်အပြင် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကိုအသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်၍ မွန်ပြည်နယ်၊ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်သည့်တံတားဖြစ်၍ မြန်မာအင်ဂျင်နီယာများအနေဖြင့် တံတားတည်ဆောက်ခြင်း၊ခေတ်မီနည်းပညာနှင့်အတွေ့အကြုံများရရှိနိုင်ပြီး ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွက်လာမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိစေမည်ဖြစ်သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ရန်ကုန်မြို့နှင့်ဒလမြို့တို့အား ဆက်သွယ်ဖောက်လုပ်မည့် မြန်မာ- ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများအတွက်လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများအားလုံး အသင့်ရရှိအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး တံတားတွဲဆက်ခြင်းလုပ်ငန်းများစနစ်တကျဖြစ်ရန်လိုကာ စီမံကိန်း ချဉ်းကပ်လမ်းဧရိယာသည် လူနေအိမ်များနှင့် နီးကပ်စွာတည်ရှိ၍ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ငလျင်ဒဏ်ခံနိုင်ရေးကို စနစ်တကျတွက်ချက်၍ အထူးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့ပြင် စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရန် ကြိုတင်ဆောင်ရွက်နိုင်မည့် လုပ် ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ရမည်ဖြစ်ပြီး တံတားတည်ဆောက်မှုစီမံကိန်းကာလ ကြာမြင့်သည်နှင့်အမျှ လမ်းကြောင်းပိတ်ဆို့မှုများဖြစ်ပေါ်နေမည်ဖြစ်၍ သတ်မှတ်အချိန်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်ရမည်ဟုလည်းတိုက်တွန်းခဲ့သည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေးတံတားစီမံကိန်း တစ်ခုအကောင်အထည် ဖော်ရန်ဆွေးနွေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအားစတင်အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်တွင်တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့ပြီး ကြိုးဆိုင်းတံတား(Cable – Stayed Bridge)အမျိုးအစားဖြစ်ကာ တံတားပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်းမြို့နယ်များ၊ဒေးဒရဲတံတားမှတဆင့် ကမ်းခြေဒေသများနှင့်ဧရာဝတီတိုင်းတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများမှာလည်း အတိုင်းအတာတစ်ခုအထိလျော့ပါးသက်သာသွားမည်ဖြစ်ကာ လူမှုရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေးနှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ဖွံ့ ဖြိုးတိုးတက်လာနိုင်ပြီး ရန်ကုန်မြို့၏အထင်ကရပြယုဂ် (Landmark)တစ်ခုလည်း ဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071