ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အနေဖြင့် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို စက်တင်ဘာလ(၂၈)ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အ ထိမ်းအမှတ် နှလုံးနှင့်သွေးကြော ရောဂါဆိုင်ရာဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်၊ မြို့နယ်(၂၈)မြို့နယ်မှ နှလုံးရောဂါလူနာပေါင်း(၁၀၀၀)ကျော်အား တပ်မတော်စစ်ဆေးရုံမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ၊ ရန်ကုန်ပြည့်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့မှ ပါမောက္ခနှင့်အထူးကုဆရာဝန်ကြီးများပါဝင်သည့် မြန်မာနိုင်ငံနှလုံး ရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ပါမောက္ခ ဒေါက်တာနွယ်နွယ် ဦးဆောင်ပြီး နှလုံးရောဂါအထူးကုဆရာဝန်ကြီး(၃၃)ဦးက လာရောက်စမ်းသပ်ကုသပေးကြကြောင်း သိရသည်။
