ပဲခူးတိုင်း၊ပေါင်းတည်မြို့ရှိ ဘုရားကြီးဝင်းအတွင်း၌ စက်တင်ဘာ ၇ ရက်နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ယမန်နေ့နေ့လည် ၁ နာရီခွဲကျော်ခန့်က ပေါင်းတည်မြို့ရှိ ဘုရားကြီးဝင်းအတွင်း ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံထားသည့် စွယ်တော်တိုက်နှင့်ဆင်ဦးတိုက်သည့် ညောင်ပင်အနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို ဒီလထဲမှာ အကျဥ်းရုံးကျင်းပဖို့လုပ်နေတာရှိတယ်၊ အခုဗုံးပေါက်တဲ့နေရာက စွယ်တော်တိုက်နဲ့ညောင်ပင်နားမှာဖြစ်တာ၊ ညောင်ပင်နဲ့ပိုနီးတယ် ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။
