Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal Newsပေါက်တော ဆင်တက်မော် IDP...

ပေါက်တော ဆင်တက်မော် IDP စခန်းရှိ ဘင်္ဂလီနှင့်ဒေသခံပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံ

(Unicode)

ပေါက်တော ဆင်တက်မော် IDP စခန်းရှိ ဘင်္ဂလီနှင့်ဒေသခံပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာရှိ IDP စခန်းတွင် ခိုလှုံနေကြသော ပြည်သူများနှင့် ဒေသခံဘင်္ဂါလီများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဖေဖော်ဝါရီ ၂၃ရက်က ထိုးနှံပေးခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ယခုထိုးနှံပေးမှုသည် အသက် ၁၈ နှစ်နှင့်အထက် ဦးတည်အုပ်စုများအား သတ္တမအသုတ် (ပထမ) အကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး IDP စခန်းတွင် ခိုလှုံနေကြသော ပြည်သူများနှင့် ဒေသခံဘင်္ဂါလီစုစုပေါင်း (၂၆၈)ဦးထိုးနှံခဲ့ကြသည်ဟု ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

(၂၁-၂-၂၀၂၂)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၂-၂၀၂၂)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၃,၅၆၃)ဦးထဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၁)မြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူဦးရေ ၅၆ဦးရှိခဲ့ပြီး ထိုနေ့မတိုင်ခင်က (၂၅)ဦးအထိ သာတွေ့ရှိခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ ၂၄ရက်တွင်လည်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ မြို့ပေါ် (၃၁)ရပ်ကွက်တွင် mask campaign ပြုလုပ်ပြီး ရခိုင်ပြည်နယ်အတွင်းရောဂါပိုးကုးစက်မှု နည်းစေရန် ဆောင်ရွက်နေကြသည်ဟု ပြည်နယ်အစိုးရအဖွဲ့ထံကသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်ပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့သည် ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူများပါဝင်သောအဖွဲ့က စစ်တွေမြို့ပေါ်ရှိ ရပ်ကွက် (၃၁)ရပ်ကွက်တွင် hand gelများဝေငှခြင်း၊ mask များ ဝေငှခြင်း၊ လက်အိတ်များဝေငှခြင်း၊ covid-19 ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှခြင်းများပြုလုပ်သည့် mask campaign ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။

(Zawgyi)

ေပါက္ေတာ ဆင္တက္ေမာ္ IDP စခန္းရွိ ဘဂၤလီႏွင့္ေဒသခံျပည္သူမ်ားအား ကိုဗစ္ကာကြယ္ေဆးထိုးႏွံ

ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕နယ္ ဆင္တက္ေမာ္ ေက်း႐ြာရွိ IDP စခန္းတြင္ ခိုလႈံေနၾကေသာ ျပည္သူမ်ားႏွင့္ ေဒသခံဘဂၤါလီမ်ားအား ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး ေဖေဖာ္ဝါရီ ၂၃ရက္က ထိုးႏွံေပးခဲ့သည္ဟု ျပည္နယ္အစိုးရအဖြဲ႕မွ သိရသည္။

ယခုထိုးႏွံေပးမႈသည္ အသက္ ၁၈ ႏွစ္ႏွင့္အထက္ ဦးတည္အုပ္စုမ်ားအား သတၱမအသုတ္ (ပထမ) အႀကိမ္ ထိုးႏွံေပးျခင္းျဖစ္ၿပီး IDP စခန္းတြင္ ခိုလႈံေနၾကေသာ ျပည္သူမ်ားႏွင့္ ေဒသခံဘဂၤါလီစုစုေပါင္း (၂၆၈)ဦးထိုးႏွံခဲ့ၾကသည္ဟု က်န္းမာေရးဌာနက ထုတ္ျပန္ထားသည္။

(၂၁-၂-၂၀၂၂)ရက္ေန႔၊ ည (၈:၀၀) နာရီမွ (၂၂-၂-၂၀၂၂)ရက္ေန႔၊ ည (၈:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ (၃,၅၆၃)ဦးထဲတြင္ ရခိုင္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္(၁၁)ၿမိဳ႕နယ္တြင္ ကိုဗစ္ပိုးေတြ႕ရွိသူဦးေရ ၅၆ဦးရွိခဲ့ၿပီး ထိုေန႔မတိုင္ခင္က (၂၅)ဦးအထိ သာေတြ႕ရွိခဲ့သည္။

ယေန႔ ေဖေဖာ္ဝါရီ ၂၄ရက္တြင္လည္း ရခိုင္ျပည္နယ္ ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕ရွိ ၿမိဳ႕ေပၚ (၃၁)ရပ္ကြက္တြင္ mask campaign ျပဳလုပ္ၿပီး ရခိုင္ျပည္နယ္အတြင္းေရာဂါပိုးကုးစက္မႈ နည္းေစရန္ ေဆာင္႐ြက္ေနၾကသည္ဟု ျပည္နယ္အစိုးရအဖြဲ႕ထံကသိရသည္။

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္ၿပီး ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ အစိုးရအဖြဲ႕အတြင္းေရးမႉးတို႔သည္ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉမ်ားပါဝင္ေသာအဖြဲ႕က စစ္ေတြၿမိဳ႕ေပၚရွိ ရပ္ကြက္ (၃၁)ရပ္ကြက္တြင္ hand gelမ်ားေဝငွျခင္း၊ mask မ်ား ေဝငွျခင္း၊ လက္အိတ္မ်ားေဝငွျခင္း၊ covid-19 ကာကြယ္ေရးဆိုင္ရာ လက္ကမ္းစာေစာင္မ်ား ေဝငွျခင္းမ်ားျပဳလုပ္သည့္ mask campaign ျပဳလုပ္ခဲ့ၾကျခင္းျဖစ္သည္ဟုသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071