ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ ပေါက်တောဝမီးပွိုင့်တွင် ဧပြီ ၁၂ ရက် (ယနေ့)နံနက်အစောပိုင်း ၄ နာရီကျော်ခန့်က ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း တွဲလက်လူမှုကူညီရေးအ ဖွဲ့မှ သိရသည်။
အင်းစိန့်မ်းမကြီးပေါ်အတိုင်း မောင်းနှင်လာသည့် Probox ကားသည် ပေါက်တောဝမီးပွိုင့်အရောက် ရပ်ထားသည့် Alphard ကားအား အရှိန်မထိန်းနိုင်ဘဲနောက်မှဝင်တိုက်မိခဲ့သဖြင့် Alphard ကားတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် Alphard ကားမောင်းသူနှင့်ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၆)နှစ်အရွယ်နှင့်(၁၁)နှစ်အရွယ်စီရှိ ကလေး ၂ ဦးတို့တွင် ထိ ခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“Probox က မြို့သစ်စျေးဖက်ကနေမောင်းလာရင်း အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ ကား ၂ စီးလုံးပျက်စီးတာတွေရှိတယ် Probox ကားမောင်းတဲ့လူလည်း အခင်းဖြစ်နေရာမှာရှိပါတယ်”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။



