တရုတ်ပြည်သူတို့၏ ဂျပန်ကျူးကျော်မှုဆန့်ကျင်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲတို့ အောင်နိုင်ခြင်း နှစ် ၈၀ မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပေကျင်းမြို့၊ တရုတ်ပြည်သူ့စစ်ပွဲအမှတ်တရရင်ပြင်ရှိ ဗဟိုစင်မြင့်ကြီးပေါ်တွင် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ဘေးတွင်နေရာယူခဲ့ပါသည်။
ရုရှားခေါင်းဆောင်သည် အခမ်းအနားအစီအစဉ်မှူး တရုတ်သမ္မတ ရှီကျင့်ဖိန်၏ လက်ဝဲဘက်တွင် ထိုင်နေခြင်းဖြစ်သည်။
ထိုအခမ်းအနားသို့ နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံတော်အကြီးအကဲများနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ပူတင်နှင့်အတူ တရုတ်နိုင်ငံသို့ လိုက်ပါလာသော ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်များသည်လည်း စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားမစတင်မီ ခေါင်းဆောင်များသည် စစ်ပြန်ကြီးများကို နှုတ်ဆက်ခဲ့ကြသည်။ တီယန်မင်ရင်ပြင်သို့ သွားရာလမ်းတွင် ပူတင်သည် ရှီကျင့်ဖျင်နှင့် ကင်ဂျုံအန်တို့အပါအဝင် အခြားသောခေါင်းဆောင်များနှင့် ခေတ္တမျှ စကားပြောဆိုခဲ့သည်။
