ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်ခေါင်းဆောင် ဒေါ်နယ်ထရမ့်တို့သည် မကြာမီကာလအတွင်း ဖုန်းဖြင့် ထပ်မံဆွေးနွေးကြမည်ဖြစ်ကြောင်း ခရင်မ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။
ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာ ဇလန်းစကီးတို့ ဆွေးနွေးမှုအပြီးတွင် ရုရှားနှင့် အမေရိကန်ခေါင်းဆောင်များအကြား မည်သည့်အချိန်၌ ဖုန်းဆက်သွယ်မှု ပြုလုပ်မည်နည်းဟု မေးမြန်းရာတွင် “မကြာမီမှာပါ” ဟု သူက ပြန်လည်ဖြေကြားခဲ့သည်။
ထရမ့်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ West Palm Beach အနီးရှိ ၎င်း၏ Mar-a-Lago စံအိမ်တွင် ဇလန်းစကီးကို လက်ခံတွေ့ဆုံခဲ့သည်။ နှစ်နာရီကျော်ကြာအောင် နှစ်ဦးချင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ခေါင်းဆောင်နှစ်ဦးသည် ဥရောပခေါင်းဆောင်များနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးခဲ့ကြသည်။ ဇလန်းစကီးနှင့် မတွေ့ဆုံမီတွင်လည်း ထရန့်သည် ပူတင်နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့သေးသည်။
