ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကျင်းပရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင်ထားမှု၊ နေကြာစံပြစိုက်ခင်း (၇) ဧကတွင် အိန္ဒိယနေကြာမျိုး (Suryakiran) စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သီးပင်စားပင်များအချိန်မီသီးပွင့်ရေး၊ သစ်ပင်ပန်းမာန်များစိမ်းလမ်းစိုပြေနေရေးနှင့် အချိန်မီဖူးပွင့်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူများအား အသိပညာပေးပြသရေးတို့ကို မှာကြားသည်။
ထို့ပြင် တောင်သူလယ်သမားနေ့အထိမ်းအမှတ် လမ်းညွှန်ဆိုင်းဘုတ်များအား အလွယ်တကူမြင်တွေ့စေနိုင်ရေးစနစ်တကျတပ်ဆင်ရန်တို့ကိုလည်း မှာကြားခဲ့သည်။
