ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊တောင်ညွှန့်ကြီးရပ်ကွက်ရှိ ပုဇွန်တောင်ဘူတာတွင် နိုဝင် ဘာ ၁ ရက်က ဘူတာစာရေးဦးသိန်းဝင်းထွန်းအား သေနတ်ပြခြိမ်း ခြောက်၍ ငွေကျပ်သိန်း ၂၀၀ ကျော်လုယက်ယူ ဆောင်သွားသူ ၅ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
လုံခြုံရေးအဖွဲ့ဝင်များသည် ပုဇွန်တောင်ဘူတာစာရေးအား သေနတ်ပြခြိမ်းခြောက်၍ ရုံးခန်းအတွင်းရှိ ဆိုင်ခန်းခကောက်ခံငွေနှင့်ရထားလက် မှတ်ရောင်းရငွေကျပ်သိန်း ၂၀၀ ကျော်အား လု ယက်ယူဆောင်သွားသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် နိုဝင်ဘာ ၂၂ ရက်ညနေပိုင်းတွင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် သူရိန်ထွန်း(ခ)ဖိုးသား၊အိအိဇော်နှင့်ဝေလင်းအောင်တို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ယင်းနေ့ညပိုင်း၌ ရဲရင့်ခန့်နှင့် ထွန်းလင်းအောင် တို့ကိုလည်းထပ်မံဖမ်း ဆီးရမိခဲ့သည်။
ဖြစ်စဥ်၌ ပြစ်မှုကျူးလွန်သူ ၅ ဦးအား ပစ္စတိုမျိုးစုံ ၃ လက်၊ ၆ လုံးပြူး ၁ လက်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ကျည်မျိုးစုံ ၁၅၂ တောင့်၊အသံတိတ်ပြောင်း ၁ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ရှေ့ထွက်မိုင်း ၁ လုံး၊ TNT ယမ်းတောင့် ၁၆ တောင့်၊ဒီတိုနေတာ ၁၀၀ ချောင်း၊ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မင်္ဂလာတောင်ညွှန့်နှင့်တာမွေမြို့နယ်တို့တွင် လုပ်ကြံသတ်ဖြတ်မှုများနှင့်ဖောက်ခွဲဖျက်စီးခဲ့မှုများကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




