Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeNewsLocal Newsပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများ...

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများ ဆက်တိုက်ဖြစ်ပေါ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ(၂၀)ရက် ညပိုင်းနှင့် စက်တင်ဘာ (၂၁)ရက် နံနက်ပိုင်းတို့တွင် နေအိမ်နှင့် လမ်းများပေါ်သို့ သစ်ပင်လဲကျမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။

ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်း သစ်ပင်လဲကျခြင်း၊ အမှတ်(၃) ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်၊ ငှက်ပစ်တောင်ဘုရားကြီး အုတ်စောင်းပေါ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အလားတူ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာ၊ ပုပ္ပါး -မြင်းခြံလမ်းဆုံ၊ မိုင်တိုင်အမှတ်(၄၀၀/၅)တွင် သစ်ပင်လဲကျမှုတို့ ဖြစ်ပွားခဲ့ခြင်းအား ညောင်းဦးမြို့နယ်မီးသတ်စခန်း၊ ပုဂံနယ်မြေမီးသတ်စခန်းနှင့် ပုပ္ပါးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ (၂၀)ရက်၊ ည(၈)နာရီ၊ မိနစ် (၄၀)အချိန် ခန့်က ညောင်ဦးမြို့၊ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာရပ်၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီးပေါ်တွင် ကားလမ်းမကြီးပေါ်တွင် မိုးရွာသွန်းမှုကြောင့် လုံးပတ်(၄) ပေပတ်လည်ခန့်၊ အမြင့်ပေ (၄၀)ခန့်ရှိ သက်တမ်းရင့် ထနောင်းပင်ကြီးမှာ အမြစ်မှ ကျွတ်ထွက်၍ လဲကျမှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူ၊ ယာဉ်၊ တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း နေအိမ်အချို့နှင့် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးကြိုးများ တချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071