သီတင်းကျွတ်ပိတ်ရက်များကြောင့် အမြန်လမ်းတွင်ကားများလျှက်ရှိနေရာ ငလျင်ကြောင့်ပြင်နေရသည့်ဆွာချောင်းတံတား နားတွင် ယခုညနေက ကားများ တန်းစီနေရကြောင်းသိရသည်။
၁၆၄ မိုင် မှာ ကားတွေ မိုင်တွေချီပြီး တန်းစီနေရတယ်၊တံတား ၁ ခါဖြတ်အစီး ၅၀ ဆိုတော့ အတော်စောင့်ရတယ် ဟု နေပြည်တော်သွားသည့်သူတစ်ဦးက ညနေကပေါ်ပြူလာနယူးစ်သို့ပြောကြားသည်။
” မိုင်တိုင် ၁၆၄ မှာလမ်းခနပိတ်ထားတာပါ။ အခုပြန်ပွင့်သွားပါပြီ။ ကားစီးရေကတော့များတယ်”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
သီတင်းကျွတ်ရုံးပိတ်ရက်၌ ခရီးသွားအနေဖြင့် ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီးတွင် မိုင်တိုင်အမှတ် ၁၆၄ ရှိတံတားအားဖြတ်သန်းရာတွင်စောင့်ဆိုင်းနေရသည့် ကားများစွာရှိနေကာ အသွား/အပြန်နှစ်ဖက်အား တစ်ကြိမ်လွှတ်ပါက သတ်မှတ်ကားစီးရေအတိုင်းသာလွှတ်ပေးလျက်ရှိသည်ဟု ပြောသည်။ထို့ကြောင့်ပိတ်ရက်အပြီး အပြန်ရက်တွင်လည်း ပိုကျပ်နိုင်မည်ဟုသုံးသပ်ကြသည်။
ဆွာချောင်းတံတား မှ နေပြည်တော်အထိ ကားလမ်းကလည်း ပြင်ထားသော်လည်း ကြမ်းနေသေးကြောင်း၊ အချို့က ၁၅၄ တောင်ငူလမ်းမှ မြို့လှ အတိုင်းသွားကြပြီး နေပြည်တော် လေဆိပ်လမ်းကနေ နေပြည်တော်သို့ ဝင်ကြသည်ဟုဆိုကြသည်။
