Monday, June 2, 2025

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌...

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁)...

ကော့သောင်းမြို့၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦးအသစ်ဖွင့်လှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အား ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ...
HomeNewsLocal Newsပါတီများ UEC ၏...

ပါတီများ UEC ၏ ခွင့်ပြုချက်ရမှ ပြည်ပအဖွဲ့အစည်များနှင့် တွေ့ခွင့်ရမည်ဆိုသည့်ကိစ္စ မဖြစ်သင့်သည့် ကိစ္စဟု ဒေါက်တာအေးမောင်ပြော

ပါတီများ UEC ၏ ခွင့်ပြုချက်ရမှ ပြည်ပအဖွဲ့အစည်များနှင့် တွေ့ခွင့်ရမည်ဆိုသည့်ကိစ္စ မဖြစ်သင့်သည့် ကိစ္စဟု ဒေါက်တာအေးမောင်ပြော

ပြည်တွင်း နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံခြား သန်တ မံများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်တွေ့ဆုံရန် ရွေး ကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက် လိုအပ်သည်ဆိုသည့် ကိစ္စမှာ ကောင်းကျိုးထက် ဆိုးကျိုးသာများနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

ဩဂုတ်လ (၁၁) ရက် ရက်စွဲဖြင့် UEC ဥက္ကဋ္ဌ လက်မှတ်ရေးထိုး ထုတ်ပြန်လာသည့် အဆိုပါ ညွှန်ကြားချက်အ ပေါ် ၎င်း၏ သဘောထားမှတ်ချက်ကို ဆက်သွယ်မေး မြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ဒီကန့်သတ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်း ချက်‌နဲ့တော့ မအပ်စပ်ဘူးဗျ။ ဒါကြီး တစ်ခုကို ထုတ်ပြန်ခြင်းအားဖြင့် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အကျိုးထက် အပြစ်ကို ပိုသွားမှာလား။ တစ်ဖွဲ့ တစ်ပါတီ လက်ရှိသူတို့ ညွှန်ကြားတဲ့အတိုင်း လုပ်နေသည် မလုပ်နေသည်ကတော့ မပြောတတ်ဘူးပေါ့ဗျာ။ ဘာဖြစ်ဖြစ်ပေါ့ဗျာ တွေဆုံဆွေးနွေးပြီးကာမှ တွေ့ရတဲ့အကြောင်းအရင်းနဲ့ အချက်အလက်ကို ပြန်တင်ပြပါဆိုတာဗျိုးက ပိုပျော့ပြောင်းတာပေါ့။ ဒါပေသိ မဖြစ်သေးဘူး ကြိုတားတယ်ဆိုတာက ဒီကာလမှာ မလုပ်သင့်ဘူးဗျ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

 

ဩဂုတ်လ (၁၁) ရက် ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကော က်ပွဲကော်မရှင်ဥက္ကဋ္ဌက လက်မှတ်ရေးထိုးထုတ်ပြန်သည့် ညွှန်ကြားချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆(စ) ပါ ပြဌာန်းချက်များကို ရည်ညွှန်းကန့် သတ်ခဲ့ခြင်း ဖြစ်သည်။

 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၇(ဂ)၊ ပုဒ်မ ၄၀၈ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆(စ) ပါ ပြဌာန်းချက်များအရ နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အ ခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း ၊ အခြားအ‌ေထာက်အပံ့တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ ဩဇာခံယူခြင်း မပြုရေးကို လိုက် နာရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်မည်ဟု အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

 

လက်ရှိ နိုင်ငံရေးအခြေနေအရ အစိုးရနှင့် လက်ရှိအစိုးရက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်သူနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်မှု အားနည်းနေချိန်ဖြစ်ပြီး ယင်းအခြေအနေများကို ကျော်လွှားနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးရန် လိုအပ်ကြောင်းလည်း ဒေါက်တာအေးမောင်က ဆိုသည်။

 

” အမှန်က အစိုးရ ဖြစ်ဖြစ်ဖြစ် UEC က ဖြစ်ဖြစ် နိုင်ငံရေးကဏ္ဍကို ရှေ့ကို တင်ပေးရမှာ။ လူထုကြားမှာ ဖြစ်ဖြစ် နိုင် ငံရေးပါတီ ကြားမှာဖြစ်ဖြစ် ၊ တခြားနိုင်ငံတွေက ရွေး ကောက်ပွဲကို ပိုယုံကြည်အောင် ဖြစ်ဖြစ်ပေါ့ဗျာ။ စိတ်ဝင် စားအောင် နိုင်ငံရေးပါတီရဲ့ ကဏ္ဍကို မြှင့်ပေးရမှာ ။ သန်ခင်း တမံခင်းနဲ့ တွေ့နိုင်အောင် ဖန်တီးပေးရမှာ ။ တွေ့ကြပါ ၊ တိုင်းပြည်အတွက်ပေါ့ဗျာ ။ဒါမျိုးက အလားအလာ ပိုကောင်းတယ်လေ။ အဲဒါကို ကြိုပြောရမယ်၊ ဘာမဆိုသိရမယ်ဆိုတာက ခင်းဗျားကလည်းဗျာ တော်တော်လေး တင်းတင်းကြပ်ကြပ်ဆိုတာက လက်ရှိကာလမှာ လိုအပ်သည် မလိုအပ်သည်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဘက်က ချိန်တတ်ဖို့ပါပဲ” ဟု ၎င်းကဆိုသည်။

 

UEC ၏ အဆိုပါ ကန့်သတ်ချက်များသည် တိုင်းပြည်အ တွက် ကောင်းကျိုးထက် ဆိုးကျိုးကသာ များနိုင်ကြောင်း နိုင်ငံရေး အမျှော်အမြင်ရှိသည့် ဝါရင့် နိုင်ငံရေးသမားများက ကန့်ကွက် ထောက်ပြမှုများ ရှိနေသော်လည်း UEC အနေဖြင့် ၎င်းတို့ကသာ သင့်တော်သလို စီမံခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

UEC အနေဖြင့် ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ရခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစရင်း မှား ယွင်းမှု ၊ မဲမသာမှုများနှင့် တရားမဲ့ ပြုကျင့်မှု ဖြစ်စဉ်များတွင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများ၊ NGO များနှင့် ၎င်းတို့၏ အထောက်အပံ့ရယူထားသည့် ပြည် တွင်းလူမှုအဖွဲ့အစည်းများ၏ ဝင်ရောက် စွက်ဖက်မှုများကို စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်းလည်း ပြောကြားထားသည်။

 

လက်ရှိ ညွှန်ကြားချက်နှင့် ပတ်သက်၍ ဝေဖန်ထောက်ပြမှုကို သာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် မဖြစ်မနေ လိုက်နာရမည့် အခြေအနေရှိကြော င်းလည်း ဒေါက်တာအေးမောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီ (၉၂) ပါတီကို ပြည်ထော င်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားပြီး လူမျိုးစုပါ တီ (၁၉) ပါတီ၊ ဒေသအလိုက် ဖြစ်ပေါ်လာသည့် ပါတီ (၃ ၀) ပါတီနှင့် ပြည်မပါတီ (၄၃) ပါတီ ရှိကြောင်း UEC ၏ စားရင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များ ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား(အ နောက်လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်း ပင်သာစက်လှေဆိပ်တို့တွင် ရေဘေးရှာဖွေကယ် ဆယ်ရေးစုရပ်အဖြစ်ထားကာ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတို့ကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁) ရက်အထိကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ယခင်နှစ်ထက် သင်ကြားရေးပိုင်းများ တိုးတက်လာအောင်ပြင်ဆင်၍ ထူးချွန်သည့် လူရည်ချွန်များမွေးထုတ်ပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ ယခုစာသင်နှစ်အတွက် မေ(၃၁)ရက်က ကျောင်းအပ်နှံရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အထူးဒေသ(၄) သက် ဆိုင် ရာဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများတက်ရောက်ခဲ့ကြသည်။ မိုင်းလားမြို့ အခြေခံပညာကျောင်းများရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071