အိန္ဒိယနိုင်ငံနှင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ပဋိပက္ခကို အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့အပြီး တစ်ပတ်ကျော်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ရုံးက မေလ ၁၈ ရက် နေ့တွင် ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူထားသော မစ္စတာ အီရှတ်ဒါ သည် မေလ ၁၉ ရက် နေ့တွင် ပေကျင်းခရီးစဉ်ကို စတင်မည်ဖြစ်ကာ တောင်အာရှတွင် ပြောင်းလဲနေသော ဒေသဆိုင်ရာအခြေအနေများ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နက်ရှိုင်းစွာ ဆွေးနွေးကြမည်ဖြစ်သည်ဟု ၎င်း၏ ရုံးက သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။
“နှစ်ဖက်စလုံးက ပါကစ္စတန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေး နယ်ပယ်ကို ပြန်လည်သုံးသပ်ပြီး အပြန်အလှန်အကျိုးစီးပွားရှိတဲ့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အမြင်ချင်းဖလှယ်ကြမှာပါ” ဟု သတင်းထုတ်ပြန်ချက်တွင် ရေးသားဖေါ်ပြထားသည်။
အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် ဧပြီလအတွင်းက လူ ၂၆ ဦးေ-သဆုံးခဲ့သော စစ်သွေးကြွတိုက်ခိုက်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်မှုများ သီတင်းနှစ်ပတ်ကြာလာခဲ့အပြီးတွင် မစ္စတာ ဒါ ၏ ပေကျင်းခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ပါကစ္စတန်၏ ယုံကြည်စိတ်ချရဆုံးသော နိုင်ငံခြားမိတ်ဖက်များထဲမှ တစ်နိုင်ငံဖြစ်ပြီး ၎င်း၏ မကြာခဏရုန်းကန်နေရသော အိမ်နီးချင်းနိုင်ငံကို အာမခံရန် ငွေကြေးအကူအညီများ အလွယ်တကူ ပံ့ပိုးပေးလျက်ရှိသည်။
Ref: သည်စထရိတ်တိုင်းမ်စ်