Saturday, May 17, 2025

CHINA-ASEAN CUP ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု...

တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် 2025 China-Asean Cup ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု လက်ရွေးစင်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ့ သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ...

ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ၏ ဒေါ်လာ ၁...

ဂေါက်ကွင်းများ၊ ဟိုတယ်များနှင့် အိမ်ခြံမြေစီမံကိန်းများတွင် ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံရင်းနှီးမြှုပ်နှံမည့် ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီတစ်ခု၏ အစီအစဉ်ကို ဗီယက်နမ်အစိုးရက အတည်ပြုချက်ပေးလိုက်သည်ဟု...

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ...

နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ...

အင်ဒိုနီးရှားရေတပ်က မူး ယ-စ်ဆေးပါသည့်သင်္ဘောကိုကြားဖြ-တ်ဖမ်းဆီး

ဂျကာတာ၊မေ ၁၆နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှေ-ာင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြ-တ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ‌‌အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌...
HomeInternationalပါကစ္စတန်တွင် မုတ်သုံရာသီ ရေကြီးမှုကြောင့်...

ပါကစ္စတန်တွင် မုတ်သုံရာသီ ရေကြီးမှုကြောင့် သေဆုံးသူ တစ်ထောင်ကျော် အထိ ရှိလာ

ပါကစ္စတန်တွင် မုတ်သုံရာသီ ရေကြီးမှုကြောင့် သေဆုံးသူ တစ်ထောင်ကျော် အထိ ရှိလာ

အစ္စလာမာဘတ်၊ ဩဂုတ် ၂၈ 

ပါကစ္စတန်နိုင်ငံတွင် ဇွန်လမှစတင်ခဲ့သော မုတ်သုံရာသီ ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သော လူဦးရေသည် ၁,၀၃၃ အထိရှိလာပြီဖြစ်ကြောင်း နိုင်င်ငံတော် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA)က သြဂုတ် ၂၈ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သော ၂၄ နာရီအတွင်း လူပေါင်း ၁၁၉ ဦး သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။

နှစ်စဉ်မုတ်သုံရာသီသည် ကောက်ပဲသီးနှံများ ရေသွင်းစိုက်ပျိုးရန်နှင့် အိန္ဒိယတိုက်ငယ်တစ်ဝန်းရှိ ရေကန်များနှင့် ဆည်များတွင် ရေပြန်လည် ဖြည့်တင်းရန် မရှိမဖြစ်လိုအပ်သော်လည်း ယင်းကဲ့သို့ ကောင်းကျိုးများနှင့်အတူ အသေအပျောက်များနှင့် အပျက်အစီးများကိုပါနှစ်စဉ်နှစ်တိုင်းဖြစ်‌ေပါ်‌ေစသည်။

ယခုနှစ် မုတ်သုံရာသီ ရေလွှမ်းမိုးမှုကြောင့် ပါကစ္စတန်တွင် လူပေါင်း ၃၃ သန်း ကျော် ဘေးဒုက္ခရောက်ခဲ့ရပြီး အိမ်ခြေ တစ်သန်းနီးပါး ပျက်စီးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးထားသော သီးနှံဧက နှစ်သန်းကျော်နှင့် ၃,၄၅၁ ကီလိုမီတာ (၂,၁၄၄ မိုင်) အကွာအဝေးရှိသော လမ်းများ ပျက်စီးခဲ့ရပြီး တံတား ၁၄၉ စင်း မျောပါသွားခဲ့သည်ဟု NDMA ကဆိုသည်။

ယခုနှစ်ရေကြီးမှုသည် လူပေါင်း နှစ်ထောင်ကျော် သေဆုံးခဲ့ပြီး နိုင်ငံ၏ ငါးပုံတစ်ပုံနီးပါး ရေလွှမ်းမိုးခြင်း ခံခဲ့ရသော ပါကစ္စတန်၏ စံချိန်တင် အဆိုးရွားဆုံးနှစ်ဖြစ်သည့် ၂၀၁၀ ပြည့်နှစ်နှင့် တူညီပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။။

Source: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CHINA-ASEAN CUP ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု လက်ရွေးစင် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ့ သွားရောက်ယှဉ်ပြိုင်မည်

တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် 2025 China-Asean Cup ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု လက်ရွေးစင်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ့ သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ Huishui မြို့၌ လာမည့် ဇွန်လ (၁)ရက်မှ (၄) ရက်အထိ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။ လက်ရွေးစင်အမျိုးသားအသင်းတွင် ဇင်မင်းဦး၊ သန့်ဇင်ထွန်း၊ အောင်အောင်၊ ဇော်မင်းခန့်၊ ရဲထက်၊ ဟန်ဝင်းထွဋ်တို့ ပါဝင်ကြမည်ဖြစ်ကာ လက်ရွေးစင်အမျိုးသမီးအသင်းတွင် ဖြူဖြူသန်း၊ နန့်မေသူထွေး၊ ယမုံဇင်၊ ချယ်ရီလင်းသစ်၊ သီရိအောင်နှင့် ဖူးဖူးတို့ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ အသင်းနည်းပြအဖြင့် ဦးမောင်မျိုးသွင်နှင့် ဦးအောင်မျိုးဆွေ၊ အုပ်ချုပ်မှုအဖွဲ့များအဖြင့်...

ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ၏ ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံမှုကို ဗီယက်နမ် ခွင့်ပြု

ဂေါက်ကွင်းများ၊ ဟိုတယ်များနှင့် အိမ်ခြံမြေစီမံကိန်းများတွင် ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံရင်းနှီးမြှုပ်နှံမည့် ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီတစ်ခု၏ အစီအစဉ်ကို ဗီယက်နမ်အစိုးရက အတည်ပြုချက်ပေးလိုက်သည်ဟု နိုင်ငံပိုင် Tuoi Tre သတင်းစာက သောကြာနေ့တွင် သတင်းဖော်ပြခဲ့သည်။ မြေ ၂,၄၄၆ ဧကပေါ်တွင် စီစဉ်ထားသော အဆိုပါ ပရောဂျက်တွင် ဂေါက်ကွင်းများ၊ အပန်းဖြေစခန်းများ၊ ဟိုတယ်များနှင့် ခေတ်မီလူနေအိမ်ရာစီမံကိန်းတို့ ပါဝင်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုသည် ယခုသုံးလပတ်မှ စတင်ကာ ၂၀၂၉ ခုနှစ် ဒုတိယသုံးလပတ်အထိ လည်ပတ်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ရကြောင်း ဒုတိယဝန်ကြီးချုပ် Tran...

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းလည်း ကျဆင်းလာ

နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းအပေါ်တွင်အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိကာ ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည်လည်း တစ်လီတာလျှင် (၇၅) ကျပ်မှ (၁၂၅) ကျပ်ခန့်အထိ ကျဆင်းလျက်ရှိသည်။ ထို့ပြင် ဒေသအလိုက် စက်သုံးဆီလိုအပ်ချက် ပြည့်မီအောင် အချိန်မီပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် အဆင်ပြေချောမွေ့စွာ လိုအပ်သလို ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071