Sunday, May 3, 2026

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...
HomeNewsLocal Newsပါကစ္စတန်တွင် စက္ကူပြတ်လပ်မှုများဖြစ်နေပြီး ယခုစာသင်နှစ်အတွက်ပင်...

ပါကစ္စတန်တွင် စက္ကူပြတ်လပ်မှုများဖြစ်နေပြီး ယခုစာသင်နှစ်အတွက်ပင် စာအုပ်ထုတ်ဝေရန်မရှိဖြစ်နေ

ပါကစ္စတန်တွင် စက္ကူပြတ်လပ်မှုများဖြစ်နေပြီး ယခုစာသင်နှစ်အတွက်ပင် စာအုပ်ထုတ်ဝေရန်မရှိဖြစ်နေ

အစ္စလာမာဘတ်၊ဇွန် ၂၄
ပါကစ္စတန်စက္ကူလုပ်ငန်းအသင်းမှ စက္ကူပြတ်လပ်တော့မည်ဟု သတိပေးထားပြီး သန်းနှင့်ချီသောကျောင်းသားများသည် ၂၀၂၂ ခုနှစ်ဩဂုတ်လတွင်စတင်မည့် ပညာသင်နှစ်အတွက် စာအုပ်များရရှိနိုင်မည်မဟုတ်ကြောင်းသိရှိရသည်။

“ဇန်န၀ါရီလကစပြီး ပြည်တွင်းစက္ကူတစ်ကီလိုဂရမ်ကို ရူပီး ၁၀၀ လောက်တက်လာတယ်” ဟု ပါကစ္စတန်စာအုပ် ထုတ်ဝေသူများနှင့် ဖြန့်ချီသူများအသင်းဥက္ကဋ္ဌ Aziz Khalid ကပြောကြားခဲ့သည်။

ပါကစ္စတန်စက္ကူကုန်သည်အသင်း၊ပါကစ္စတန် ပုံနှိပ်ဂရပ်ဖစ်အနုပညာလုပ်ငန်းရှင်များအသင်း (PAPGAI)အပါအဝင် စက္ကူလုပ်ငန်းနှင့်ဆက်စပ်သော အခြားအဖွဲ့အစည်းများသည် နိုင်ငံ့ထိပ်တန်းစီးပွားရေးပညာရှင် Dr Qaiser Bengali တို့နဲ့အတူ မြို့တော်အစ်စလမ်ဘတ်၌ ကျင်းပပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ယခုလိုစက္ကူဈေးနှုန်းများ မတည်မငြိမ်ဖြစ်‌နေပါက ၂၀၂၂ စာသင်နှစ်တွင်နိုင်ငံတစ်ဝှမ်းရှိ သန်းနှင့်ချီသောကျောင်းသားများအတွက် ကျောင်းသုံး စာအုပ်ရောင်းချသူများက ပံ့ပိုးပေးနိုင်တော့မည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပြည်တွင်းစက္ကူဈေးသည် ၂၀၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး ၎င်း၏အရည်အသွေးမှာလည်း နိုင်ငံခြားထုတ်စက္ကူထက် နိမ့်ကျနေကြောင်း The News International သတင်းစာကဖော်ပြသည်။

စျေးနှုန်းတွက်ချက်မူဝါဒကို အစိုးရနှင့်ပုဂ္ဂလိက ထုတ်ဝေသူများကြားတွင် မဆုံးဖြတ်ရသေးကြောင်းနှင့်ထုတ်ဝေသူများအား ပုံသေစျေးနှုန်းဖြင့်စာရွက်ထုတ်ပေးရန် အစီစဥ်များလည်းမလုပ်ဆောင်ရသေးကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။

အခွန်မြင့်မားမှုကြောင့် ထုတ်ဝေသူများသည် ပုံနှိပ်စာအုပ်များအတွက် ပြည်ပမှတင်သွင်းသောစက္ကူများကို အသုံးမပြုနိုင်ကြောင်း Aziz မှရှင်းလင်းပြောကြားခဲ့ပြီးထိုအချက်ကြောင့်ပင် ပြည်တွင်းထုတ်ဝေသူများသည် ကျောင်းသုံးစာအုပ်အတွက်စက္ကူဝယ်ယူခြင်းကိုရပ်ပစ်လိုက်ကြသည် ဟုလည်း ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် Lahore ရှိ ကျောင်းသုံးစာအုပ်ထုတ်ဝေသူများကလည်း စက္ကူစျေးနှုန်းများမြင့်တက်လာခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းရန်ကြေညာခဲ့ကြသည်။

Source – Wionews

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်သည်ဟု ထရန့်ပြောပြန်

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေ ရှိနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားရာ၌ ယခုအချိန်အထိ ထရန့်ဘက်က ငြင်းပယ်ထားသည့် အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများကို ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အီရန်အပေါ် ရေလမ်းပိတ်ဆို့မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်း စာအုပ်များဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071