ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။
ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း “ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက် ဖြန်ပွဲအတွက် ပြင်ဆင်ချိန်လည်းရထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မနက်ဖြန်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။
ထို့အတူ “မနက်ဖြန်ပွဲစဉ်က အရမ်းခက်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ ကျွန်တော်တို့ အသင်းအနေနဲ့ အ ကောင်းဆုံးကြိုးစားပြင်ဆင်ထားပါတယ်။ ပြိုင် ဘက်အသင်းအပေါ် လေးစားမှုရှိပေမဲ့ အနိုင်ရရှိဖို့အတွက်အစွမ်းကုန်ကြိုးစားမှာပါ”ဟု ပါကစ္စတန်လက်ရွေးစင်အသင်းနည်းပြချုပ် စတီဖင် ကွန်စတန်တိုင်းက ပြောသည်။
ထို့ပြင် ပါကစ္စတန်လက်ရွေးစင်အသင်းနောက်ခံလူ အဗ္ဗဒူလာ အစ်ဘယ်မှလည်း မိမိတို့အနေဖြင့် နိုင်ငံ့ကိုယ်စားပြုအဖြစ်ရောက်လာခဲ့ခြင်းဖြစ်၍ နိုင်ငံနှင့် ပရိသတ်များအတွက် အနိုင်ရလဒ်ရရှိရန် ကြိုးစားယှဥ်ပြိုင်သွားမည်ဟု ပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ပါကစ္စတန်လက် ရွေးစင်အသင်းတို့သည် အာရှခြေစစ်ပွဲစဉ်အဖြစ် ဇွန် ၁၀ ရက်(မနက်ဖြန်)ညနေ ၅ နာရီတွင် သုဝဏ္ဏဘောလုံးကွင်း၌ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ယင်း ပွဲစဥ်အား ဖျားနာမှုမှပြန်လည်သက်သာလာသော မြန်မာ့လက်ရွေးစင်အသင်းမှ ကစားသမားများဖြစ်သည့် သီဟဇော်နှင့် ရဲရင့်အောင်တို့လွဲချော်မည်ဖြစ်သည်။