Wednesday, June 4, 2025

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...
HomeCelebrities' Newsပရိသတ်တစ်ဦးကို လက်မှတ် ၂...

ပရိသတ်တစ်ဦးကို လက်မှတ် ၂ စောင်ပဲ ရောင်းချမယ့်စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဂီတဖျော်ဖြေပွဲ

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဂီတသက် တမ်းတစ်လျှောက် အမှတ်တရ ရှိနေခဲ့တဲ့ သီချင်းတွေကိုစုစည်းပြီး ‘ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း’ လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေပွဲ လုပ်ချင်ခဲ့တာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ငယ်ဘဝအိပ်မက်တစ်ခုပါ။ အခုအခါမှာ တော့ သူ့ရဲ့အိပ်မက်ကို အကောင် အထည်ဖော်ပြီး သီချင်းတွေအားလုံးကို သံစုံတီးဝိုင်းနဲ့ တီးမှုတ်ကာ သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။

”သံစုံတီးဝိုင်းနဲ့ မပြောနဲ့ တစ်ပွဲလုံးကိုBand နဲ့ပဲ အီဲစအဆုံးတီးတာ တစ်ခါမှ မလုပ်ဖူးပါဘူး။ အလွန်ဆုံး ကျွန်တော် ၁ဝ ပုဒ်လောက် လုပ်ဖူး တယ်။ ပြီးရင DJ နဲ့ ဆက်ပြီးတော့ ဆိုတာပဲ။ ဒီပွဲကတော့ တစ်ပွဲလုံးကို သံစုံတီးဝိုင်းနဲ့ ရှိသမျှအသံအားလုံးကို ကျွန်တော်တို့ တီးမှုတ်သွားမှာဖြစ်ပါ တယ်။ အတွေ့အကြုံအသစ်တစ်ခု ဖြစ်တဲ့အတွက် အခုကတည်းက ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်။ အကြမ်းဖျင်းကတော့ သီချင်းရွေးလို့ မပြီးသေးပါဘူး။ ကျွန်တော်ထိုင်ခုံနဲ့ ရှိုးတစ်ခါမှ မလုပ်ဖူးဘူး။ အမြဲတမ်းလိုလိုက စင်ပေါ်မှာရော စင်အောက်မှာရော ခုန်တယ်။ ပေါက်တယ်။ ဘောလုံးပွဲတစ်ပွဲပြီးသွားသလိုပဲ အဆိုတော်ရော၊ ပရိသတ်ရော ချွေးတွေ ရွှဲပြီး ပြန်သွားကြတာချည်းပဲ။ ဒီပွဲက ကျွန်တော့်ဘဝရဲ့ ပထမဆုံးထိုင်ကြည့်ရမယ့် ပွဲဖြစ်ပါတယ်။ ပထမဆုံး ဒေါက်ဖိနပ်နဲ့ တက်ရောက်လာနိုင်မယ့်ပွဲလည်း ဖြစ်ပါတယ်။ ထိုင်ကြည့်တဲ့ ပရိသတ်တွေနဲ့ လိုက်ဖက်တဲ့ သီချင်းမျိုးကို ရွေးချယ်ဖို့ စိတ်ကူးထားပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

‘ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း’ ဆိုတာက စိုင်းစိုင်းခမ်းလှိုင် သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ရဲ့နာမည်ပါ။ ဒီပွဲမှာ သီချင်းအပုဒ် ၃ဝ ခန့် ဖျော်ဖြေမှာဖြစ်ပြီး ဂီတလမ်းကြောင်းမှာ ဖြတ်သန်းခဲ့တဲ့ သီချင်းပေါင်းများစွာထဲက ပရိသတ်နဲ့ ရင်ခုန်သံချင်းထပ်တူကျခဲ့တဲ့ သီချင်းတွေကို ဖျော်ဖြေသွားမှာဖြစ်ကြောင်းကို စိုင်းစိုင်းခမ်းလှိုင်က …

”ဒီသီချင်းက ကျွန်တော့်ရဲ့ဘဝ ငယ်ငယ်ကတည်းကနေ ဂီတသမားဘဝ၊ အနုပညာသမားဘဝအကြောင်းကို ရေးစပ်ပြီး သီဆိုထားတဲ့သီချင်းဖြစ်ပါ တယ်။ အခုပွဲကိုလည်း ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ဂီတသမိုင်းတစ်လျှောက်မှာ ရှိခဲ့တဲ့ သီချင်းတွေ အားလုံးကို ပြန်လည်သီဆိုမယ်။ ကျွန်တော်သီချင်းအသစ် လုံးဝမဆိုဖြစ်ဖို့ များပါတယ်။ သီချင်းအဟောင်းတွေ ဆိုမယ်။ ဒါက ပြီးခဲ့တဲ့ ဇာတ်လမ်းပေါ့လေ။ ဒီသီချင်းတွေကလည်း ကျွန်တော့်ဘဝရဲ့ ဖြတ်သန်းမှုဖြစ်စဉ် တွေ အမှတ်တရတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လက်မှတ်များကို စက်တင်ဘာ ၁၆ ရက်နေ့ Junction City မှာ စတင်ရောင်းချခဲ့ပြီး ထိုင်ခုံအရေအတွက် ၁၄၆ဝ ပဲ ရှိတာကြောင့် ပရိသတ် တစ်ဦးကို လက်မှတ် ၂ စောင်ပဲ ရောင်းချတာ ဖြစ်ပါတယ်။ လက်မှတ် များကို ၁ဝဝဝဝ ကျပ်၊ ၂ဝဝဝဝ ကျပ်၊ ၃ဝဝဝဝကျပ်၊ ၅ဝဝဝဝ ကျပ်နဲ့ VIP ဆိုပြီး ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ်...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။          လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင်...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃ နာရီတွင် လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ဒု-ဗိုလ်ချုပ်ကြီးသည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ဖူးမြှော်ကြည်ညိုပြီးနောက် ရွှေသင်္ကန်းအလှူတော်ငွေကျပ်( ၁၀၀,၀၀၀)အားပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာဓာတ်ပုံတို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသည် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်းအသီးသီးတွင်ရှိသော ဘုရားများကိုလည်း လှည့်လည်ဖူးမြှော်ကြည် ညိုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071