Thursday, May 14, 2026

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...
HomeInternationalပနားမားတူးမြောင်းကိုတရုတ်လွှမ်းမိုးမှုရပ်ပါ--မာကို

ပနားမားတူးမြောင်းကိုတရုတ်လွှမ်းမိုးမှုရပ်ပါ–မာကို

ပနားမားတူးမြောင်းကို တရုတ်နိုင်ငံက သြဇာလွှမ်းမိုး၊ ချုပ်ကိုင်မှုရှိနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရှုမြင်ထားပြီး ယင်းကိစ္စရပ်တန့်စေရန် ပနားမားအစိုးရက ချက်ချင်းကိုင်တွယ်လုပ်ဆောင်ခြင်းမရှိပါက ဝါရှင်တန်အနေဖြင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရလိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပနားမားသမ္မတ ဟိုဆေး ရာအူးလ် မူလီနိုကို တနင်္ဂနွေနေ့တွင် သတိပေးခဲ့သည်။

ပနားမားစီးတီးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးပြီး‌နောက် မူလီနိုက တရုတ်နှင့် တရုတ်စီးပွားရေးလုပ်ငန်းများ၏ ပါဝင်ပတ်သက်သည့် သဘောတူညီချက်များကို ပြန်လည်သုံးသပ်သွားမည်ဟု သဘောထားပေးခဲ့ပြီး ရွှေ့ပြောင်းဝင်ရောက်သူများအရေးအတွက် အမေရိကနှင့် ထပ်မံပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။ သို့ရာတွင် ကမ္ဘာ့ဒုတိယ သင်္ဘောအသွားအလာအများဆုံး ရေလမ်းကြောင်းအပေါ် သူ့နိုင်ငံ၏ အချုပ်အခြာပိုင်မှုနှင့်ပတ်သက်၍မူ ဆွေးနွေးရလောက်သည့်အဆင့် မဟုတ်ဟု ထပ်လောင်းပြောကြားခဲ့သည်။

တူးမြောင်းဝင်ပေါက်အနီးရှိ ဆိပ်ကမ်းနှစ်ခုကို ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတစ်ခုမှတဆင့် တရုတ်က လုပ်ကိုင်ဆောင်ရွက်နေခြင်းသည် ရေလမ်းကြောင်းအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်းနှင့် အမေရိကန်-ပနားမား သဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဆိုသော ထရမ့်ပ်၏ သတင်းစကားကို ရုဘီယိုက အသိပေးပြောကြားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

အဆိုပါအခြေအနေသည် လက်ခံနိုင်စရာမရှိကြောင်းကို ရူဘီယိုက ရှင်းလင်းစွာပြောကြားခဲ့ပြီး ချက်ချင်းပြောင်းလဲမှုများမလုပ်ဆောင်ပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် စာချုပ်ပါ ၎င်း၏ အခွင့်အရေးများကို ကာကွယ်ရန် လိုအပ်သလို အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရလိမ့်မည်ဟု ဆိုခဲ့သည်။

ပနားမားအနေဖြင့် မည်သည့်အဆင့်များ လုပ်ဆောင်ရမည် သို့မဟုတ် အမေရိက,က မည်ကဲ့သို့ လက်တုန့်ပြန်ဆောင်ရွက်မှုများလုပ်မည်ဆိုသည်ကို ရူဘီယိုက တိကျစွာ ပြောဆိုခဲ့ခြင်း မရှိပေ။

Ref: ဂျပန်တိုင်းမ်စ်, စီအင်န်ဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက်

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပြီးနောက် မြို့တော်တေရန်တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ တေရန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် တက်ကြွသော ပြတ်ရွေ့ကြောများစွာအနီးတွင် တည်ရှိနေပြီး မြေအောက်၌ စုပုံနေသော ငလျင်ဖိအားများကြောင့် အနာဂတ်တွင် ပိုမိုပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အဆိုပါဒေသတွင် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း တစ်ညအတွင်း ဆက်တိုက်အများအပြား ဖြစ်ပွားခြင်းမှာ...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071