မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုပါ
လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ယနေ့ စက်တင်ဘာ (၃၀)ရက် မှ အောက်တိုဘာ(၁၃)ရက်ထိ (၁၄)ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အသိပေးထုတ်ပြန်ထားသည်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက် နှင့် ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြိုနယ်ကော်မရှင်အဖွဲခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြ င်ဆင်လွှာတင်သွင်းခြင်းတိုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထားသည်။
အဆိုပါ ပုံစံများကို လည်း ရပ်ကွက်/ကျေးရွာအုပ်စုကော် မရှင်အဖွဲခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပြီးဖြည့်စွက် ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀ ၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်ကြောင်း အသိပေးထားသည်။
လာမည်ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်(၁၀၂)မြို့နယ်၌ ဒီဇင်ဘာ(၂၈)ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အသိပေးထားသည်။
