အစီရင်ခံစာကို ပဋိပက္ခအတွင်း လိ-င်ပိုင်းအကြ-မ်းဖ-က်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့နိုင်ရေးဆောင်ရွက်နေ
ပဋိပက္ခအတွင်း လိ-င်ပိုင်းဆိုင်ရာအကြ-မ်းဖ-က်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကိုဖွဲ့စည်းပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ စတုတ္ထသက်တမ်း ဒုတိယခြောက်လပတ် အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာ (မူကြမ်း) အတည်ပြုနိုင်ရေးအတွက် ဆွေးနွေးနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
ပဋိပက္ခအတွင်း လိ-င်ပိုင်းဆိုင်ရာအကြ-မ်းဖ-က်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ အစီရင်ခံစာ ကောက်နုတ်ချက်ကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ ခွင့်ပြုချက်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပဋိပက္ခအတွင်း လိ-င်ပိုင်းအကြ-မ်းဖ-က်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့နိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ဒုတိယခြောက်လတာကာလ ပဋိပက္ခအတွင်း လိ-င်ပိုင်းဆိုင်ရာအကြ-မ်းဖ-က်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများ အသိပညာပေးခြင်းလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ ခရိုင် ၄၅ ခုတွင် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
