ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် ဆောင်ရွက်သွားမည့်အစီအမံများနှင့်ပတ်သက်၍ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ (၇) ရက် မွန်းလွဲ (၂) နာရီက နေပြည်တော် ၌ ကျင်းပခဲ့သည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအစည်းအဝေး (၃/ ၂၀၂၃)တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက် ဒုတိယသက်တမ်းကို ၂၀ ၂၂ ခုနှစ်၊နိုဝင်ဘာ (၁၀) ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဒုတိယသက်တမ်း ကာလအတွင်း စီမံချက်လုပ်ငန်းစဉ်များကို ဒေသအဆင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန်များတွင်ထည့်သွင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌများထံသို့လည်း အကြောင်းကြားပြီးဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့အပြင် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင်လည်း အမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့်ပတ်သက်သည့် အသိပညာပေးမှုများကို ဆောင်ရွက်လျက်ရှိကာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြည်သူများ လွယ်လင့်တကူ လက်လှမ်းမီသိရှိနိုင်ရန် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်ပြုစုထားကာ ဖြန့်ဝေပေးသွားမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ ပထမ (၆) လပတ် အစီရင်ခံစာ(မူကြမ်း)အပေါ် အကြံပြုဆွေးနွေးအတည်ပြုခြင်းနှင့်စီမံချက်ကာလ တတိယ သက်တမ်းတိုးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
