ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သ မဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တို့ရှိ သင်တန်းများကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုတန်းများနှင့် ဘွဲ့လွန်တန်းများကို ဇွန် ၂ ရက်တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ကာ ကျောင်းအပ်လက်ခံခြင်းအား မေ ၂၂ ရက်မှစ၍ နံနက် ၉ နာရီမှ ညနေ ၄ နာ ရီအထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ ဘွဲ့ကြိုတန်းများနှင့် ဘွဲ့လွန်တန်းများကိုလည်း ဇွန် ၂ တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ကာ လာမည့် မေ ၂၂ ရက်မှစ၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ရန်ကုန် တိုင်း၊ လှိုင်မြို့နယ်ရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အား ဇွန် ၂ ရက်ကျောင်းဖွင့်ချိန်အမီ ပြန်လည်ပြုပြင်နေမှုများအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျမှ မေ ၁၉ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒု-ဝန်ကြီးမှ တက္ကသိုလ်၏ ပင်မဆောင်အဆောက် အအုံတွင် မွမ်းမံရေးလုပ်ငန်းများ၊ ဘက်စုံသုံးခန်းမနှင့် Theater တို့တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်ပြီးစီးမှု၊ ဇွန် ၂ ရက် ကျောင်းဖွင့်ချိန်အမီစာသင်ခန်းများနှင့် ကွန် ပျူတာစက်ခန်းများ၊ စာကြည့်တိုက်၊ K-Lab တို့တွင်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ် ဆေးခဲ့သည်။