ပါတီနိုင်ငံရေးကင်းကင်းရှင်းရှင်းဖြင့် ပညာရေးရည်မှန်းချက် လုပ်ငန်းတာဝန်များကို တစိုက်မတ်မတ်လုပ်ဆောင်အကောင်အထည်ဖော်ကြရန် အားထုတ်ကြိုးပမ်းရမည်ဖြစ်
နိုင်ငံ၏ စီမံအုပ်ချုပ်ရေးယန္တရား တည်တည်ငြိမ်ငြိမ်နှင့် အောင်မြင်စွာ လည်ပတ်နိုင်ရေး၊ နိုင်ငံတော်အတွက် အားထားရသည့် မျိုးဆက်သစ်ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့် ကပြောသည်။
ယမန်နေ့က ကျင်းပသည့် တက္ကသိုလ်/ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၅) ၏ သင်တန်းဖွင့်ပွဲ အခမ်းနာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့် က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံ၏ စီမံအုပ်ချုပ်ရေးယန္တရား တည်တည်ငြိမ်ငြိမ်နှင့် အောင်မြင်စွာ လည်ပတ်နိုင်ရေး၊ နိုင်ငံတော်အတွက် အားထားရသည့် မျိုးဆက်သစ်ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်းလည်း ဦးဆန်းမြင့် ကပြောသည်။
အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနရှစ်ခုမှ သင်တန်းသား ၆၇ ဦး၊ သင်တန်းသူ ၃၀၇ ဦး စုစုပေါင်း ၃၇၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်မည်ဖြစ်သည်။
