ယနေ့ ဩဂုတ် ၁၂ ရက် ညနေပိုင်းတွင်AFC Challenge League ပြိုင်ပွဲဝင်ခွင့်ရရှိရေး ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအို Ezra FC တို့ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပွဲစဉ် မိနစ် ၉၀ အတွင်း ပြိုင်ဖက်နှစ်သင်းဂိုးမရှိရလဒ်ဖြင့် သရေကျခဲ့သည့်အတွက် နာကျင်အချိန်ပို ထပ်မံကစားရာတွင် ဂိုးမရှိရလဒ်ထွက်ပေါ်ခဲ့သည်။
ထို့ကြောင့် မိနစ် ၃၀ အချိန်ပို ထပ်မံကစားရာ အချိန်ပို ပထမပိုင်း ၁၅မိနစ်တွင် ကောင်းစည်သူ၏ သွင်းဂိုး တစ်ဂိုးဖြင့်ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း ၁၅ မိနစ်တွင် လာအို Ezra FC ကချေပဂိုး တစ်ဂိုး သွင်းယူခဲ့သည်။
ယင်းအတွက် ပယ်နယ်တီအဆုံးအဖြတ် ဂိုးရရှိရေး ကြိုးစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၃ ဂိုး ၅ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် AFC Challenge League ပြိုင်ပွဲဝင်ရောက်ခွင့်နှင့် ဝေးကွာခဲ့ရပြီဖြစ်သည်။
ယနေ့ ပွဲစဉ်တွင် နှစ်ဖက်အသင်း အကြိတ် အနယ်ယှဉ်ပြိုင်ကစားကြသော် လည်း လာအို Ezra FC က ရန်ကုန်ယူနိုက်တက်အပေါ် ဖိအားပေးကစားနိုင်ခဲ့သည်ကိုတွေ့မြင်ရသည်။
ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် အိမ်ကွင်းတွင်ဖြစ်လင့်ကစားပြိုင်ဘက်အသင်း၏ ဖိအားပေးကစားသည့်အပေါ် ထိုးဖောက်ကစားနိုင်မှု အားနည်းချက်ကြောင့် AFC Challenge League ပြိုင်ပွဲ Play-Off အဆင့်ဖြင့်ကျေနပ်ခဲ့ရပြီဖြစ်သည်။
