Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesပင်လယ်နှင့်လက်ရေး

ပင်လယ်နှင့်လက်ရေး

ပညာက ရှေ့ဆောင်သောနည်း ပညာခေတ်တွင် ကမ္ဘာကြီး ပြောင်းလဲတိုးတက်လာခဲ့သလို အ ခြေခံလူတန်းစားများ၏ ဘဝနေနည်း အနုပညာကလည်း ယခင်ကထက် ခြားနားလာခဲ့သည်။

တစ်ရံရောအခါက အိမ်ထောင် ဦးစီးတစ်ယောက်၏ ဝင်ငွေနှင့် မိ သားစု အပူအပင်ကင်းကင်းရပ်တည် နိုင်ခဲ့သော်လည်း မော်ဒယ်လ်နှင့် လက်ကိုင်ဖုန်းနှင့် မြန်မာအိုင်ဒေါလ် နှင့် ငြိမ်းချမ်းရေးစကားဝိုင်းနှင့် ကောင်း ကင်ရောက်ကုန်ဈေးနှုန်းနှင့် ဒေါ သကြီးသော နိုင်ငံခြားငွေလဲလှယ်မှု နှင့် သက်ငယ်မုဒိမ်းနှင့်ြှ နှင့် မူးယစ်ဆေးနှင့် သုံးလောင်းလေး လောင်း အပြိုင်သေဆုံးမှုနှင့် အရည် ပျော်သွားသော ကတိများနှင့် သဘာ ဝဘေးအန္တရာယ်နှင့် ‘၂ဝ၁၈’၏ အခမ်းအနားအောက်တွင် အိမ်ရှိလူ အကုန် အလုပ်ထွက်လုပ်ရသော ပြ ကွက်က ခေတ်မီနေဆဲဖြစ်သည်။

x x x x

‘သုံးယောက်ကမ္ဘာ’ဟုခေါ်လို့ရ သော သူတို့သန်းခေါင်စာရင်းထဲတွင် သူ့အမျိုးသမီးက အလုပ်လုပ်ရသလို သူ့သားလေးကလည်း ဒုတိယတိုး တက်သည့် အလုပ်ကိုလုပ်သည်။ ထို့ အတူ သူကလည်း အလုပ်လုပ်ရ သည်။ အလုပ်လုပ်သူ ‘နှစ်’အလုပ် မလုပ်သူ ‘တစ်’ဆိုသော်လည်း အ ထွေထွေစရိတ်များ၏။ ရိုက်ပုတ်မှုကို သူတို့ဝင်ငွေက အသည်းအသန်ကာ ကွယ်နေရသည်။

နံနက် ‘၇’နာရီ ထိုးသည်နှင့် သူ့အမျိုးသမီးက အလုပ်သွားရသလို သူကလည်း ‘၉’နာရီလောက် အိမ်က ထွက်ရသည်။ ထိုအခါ သား၏ အ ဆာပြေကိစ္စ၊ နံနက်စာကိစ္စများကို သူ အလုပ်မသွားခင် အကုန်စီစဉ်ရသည်။ နံနက်အဆာပြေကိစ္စကိုတော့ ‘ကော် ဖီမစ်နှင့် ပူတင်း ‘ပေါင်မုန့်’တစ်ခုခု ဖန်တီးပေးလိုက်သည်နှင့် အိုကေ သည်။ အလုပ်ပိတ်ရက် တချို့တွင် သူ တို့မိသားစုသုံးယောက် လမ်းထိပ်မှာ လက်ဖက်ရည်ထွက်သောက်ဖြစ် သည်။

ယနေ့လည်း သားက ‘အီကြာ ကွေး’စားချင်သည်ဟုဆိုသည်။ ထို့ ကြောင့် သားအဖနှစ်ယောက် တစ် ယောက်တစ်ချောင်းစားမည်ဆိုသည့် စိတ်ကူးနှင့် အီကြာကွေးနှစ်ချောင်း ဝယ်လိုက်သည်။ သို့သော် သူရေချိုး ပြီး အိမ်ပေါ်ကို ပြန်တက်လာသော အခါ အီကြာကွေးမကျန်တော့ပေ။

”သားရေ …ဖေကြီးအတွက် အီကြာကွေး …ကော”

”သားဗိုက်မဝတာနဲ့ နှစ်ချောင်း စလုံး စားလိုက်ပြီ”

”အေး အေး”

သူဘာမှဆက်မပြောတော့ဘဲ သားကို ပြုံးကြည့်ပြီး ကျောင်းစိမ်း ဘောင်းဘီနှင့် အင်္ကျီလေးကို ဝတ် ပေးလိုက်၏။

x x x x

ယနေ့ အလုပ်ပိတ်သော်လည်း သူအစောကြီးနိုးနေသည်။ ထို့ကြောင့် ဘုရားပန်းဝယ်ဖို့ မနီးမဝေးရှိ ဈေး သို့ ထွက်လာခဲ့၏။ အနည်းငယ်စော နေသောကြောင့် ဆိုင်တချို့မဖွင့်သေး သလို တချို့ဆိုင်လည်း ခင်းကျင်းနေ တုန်းဖြစ်သည်။ ထို့ကြောင့် ပန်းဆိုင် ရှေ့မှာ ရပ်ရင်း ဟိုဟိုဒီဒီကြည့်နေမိ ၏။

ထိုအချိန်မှာပင် ဈေးရှေ့သို့ ကုန်ပစ္စည်းတင်လာသည့် ကားတချို့ လည်း ရောက်လာခဲ့သည်။ ငါးကား၊ ဟင်းသီးဟင်းရွက်ကား၊ အသားကား၊ ကြက်သွန်၊ အာလူးနှင့် ကုန်ခြောက် တင်သည့်ကား အမျိုးအစားစုံလင်လှ သည်။ ကားတစ်စီးရောက်လာတိုင်း လည်း အဝေးပြေးကားဂိတ်မှ တက္ကစီ သမားတွေလို အလုပ်သမားများက ထမ်းပိုးသယ်ယူခွင့်ရအောင် လုယက် နေကြသည်။

မြင်ကွင်းက အနုပညာမဆန် ပေ။ ထူထဲသော အတ္တများ၏ တိုက် ပွဲဖြစ်သော်လည်း မီးဖိုချောင်ကို အကျဉ်းချုပ်စနစ်နှင့် အသက်သွင်း နိုင်ဖို့ လူသားတို့၏ လှုပ်ရှားမှုများကို သူအလွယ်တကူသဘောပေါက်ခဲ့ သည်။

”အစ်ကို ခဏလေးနော်။ အစ် ကိုလိုချင်တဲ့ပန်းက အိမ်မှာ ကျွန် တော့်အမျိုးသမီးသွားယူနေတယ်”

ထိုစဉ် ဈေးရှေ့သို့ ကြက်သွန် အိတ်များ တင်ဆောင်လာသောကား တစ်စီးရောက်လာသည်။ တစ်ဆက် တည်းမှာပင် အလုပ်သမားနှစ် ယောက် ပြိုင်တူရောက်သွားပြီး သူ ထမ်းမည်၊ ငါထမ်းမည်ဟုဆိုကာ ကြက်သွန်အိတ်များကို လုနေကြ သည်။ တစ်ယောက်က အသက် ‘၂၅’ ဝန်းကျင် တစ်ယောက်က ရွှေရတု အသက်စွန်းစွန်းဖြစ်၏။ သူကလည်း ထိုအိတ်လုပွဲကို မည်သူရွှေခါးပတ် ရသွားမလဲဟုတွေးပြီး ငေးကြည့်နေ မိသည်။ ထိုစဉ်ပန်းသည်က သူ့ကို စကားစလိုက်၏။

”အစ်ကို လူနှစ်ယောက်နဲ့ အိတ် တစ်အိတ်ကို စိတ်ဝင်စားနေပြီနဲ့ တူ တယ်”

”အေး”

”အဲဒီနှစ်ယောက်စလုံးက မပြေ လည်ကြဘူး။ အဲဒီလူကြီးရဲ့ မိန်းမက ဆေးရုံတင်ထားရတယ်။ ဟို ကောင် လေးအမျိုးသမီးကလည်း မွေးခါနီး နေပြီ”

”ဟုတ်လား၊ ဘဝတွေကလည်း ဆိုးလိုက်တာကွာ”

လူဆိုသည်မှာ ‘ဘက်’ရှိသည်။ သူက ဦးလေးကြီးဘက်က ဖြစ်သဖြင့် ဦးလေးကြီးသာ ထမ်းခွင့်ရသွားစေ ချင်သည်။ သို့သော် သူ့ဆန္ဒက ဖြစ် မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကြက်သွန်အိတ်ကို ထမ်းပြီး ဈေးထဲ သို့ ဝင်သွားသူမှာ အစိတ်သားကောင် လေးဖြစ်နေသောကြောင့်ဖြစ်သည်။

ထို့နောက် သူလိုချင်သည့် ပန်း ကိုယူပြီး ဈေးပလက်ဖောင်းပေါ်မှာ ထိုင်နေသည့် ဦးလေးကြီးကိုကြည့် ရင်း ပြန်လှည့်အထွက်တွင် ပန်းသည် က သူ့ကိုစကားတစ်ခွန်းပြောလိုက် ၏။

”အစ်ကို စိတ်မကောင်းဖြစ်သွား လား”

”ဆိုပါတော့ကွာ”

”အဲဒီနှစ်ယောက်က သားအဖ တော်တယ်လေ”

”ဗျာ”

သူအရာရာကို နားလည်ခဲ့ရပြန် သည်။

မောင်မိုးဦး

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071