နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ ၎င်းတို့၏အန္တရာယ်သတိပေးအချက်များနှင့် ကြိုတင်ကာကွယ်မှုများအကြောင်းကို အသိပညာပေးရန်အတွက် စက်တင်ဘာလ ၂၉ ရက်နေ့ကို ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အဖြစ် နှစ်စဉ်ကျင်းပပါသည်။
ဤကမ္ဘာလုံးဆိုင်ရာ စီမံကိန်းသည် အသိပညာပေးမှုများမှတစ်ဆင့် နှလုံးကိုကျန်းမာစွာနေထိုင်တတ်အောင်တွန်းအားပေးပါသည်။
နှလုံးသွေးကြောဆိုင်ရာရောဂါသည် ကမ္ဘာပေါ်တွင် သေဆုံးမှု၏ အဓိကအကြောင်းရင်းအဖြစ် ဆက်လက်တည်ရှိနေပြီး နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၁၇.၉ သန်းခန့်သည် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေး၏ အရေးပါမှုကို မီးမောင်းထိုးပြနေသည်။
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ကို ကျင်းပကြခြင်း၏ ရည်ရွယ်ချက်မှာ
နှလုံးရောဂါနှင့် လေဖြတ်ခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာရောဂါများ အကြောင်းကို ပြည်သူများကို အသိပေးရန်နှင့် ကြိုတင်ကာကွယ်ကြဖို့ လှုံ့ဆော်ရန်ဖြစ်သည်။ အဓိက ရည်ရွယ်ချက်မှာ အစားအသောက် နည်းမမှန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ဆေးရွက်ကြီးသုံးစွဲခြင်းနှင့် အရက်ကို အန္တရာယ်ဖြစ်စေသည်အထိ သောက်သုံးမှုကဲ့သို့သော ပြုပြင်ပြောင်းလဲသင့်သောအချက်များနှင့် ပတ်သက်၍ အသိပညာများ ဖြန့်ဝေရန်ဖြစ်သည်။
ယခုနှစ်အတွက် ကမ္ဘာ့နှလုံးနေ့ ဆောင်ပုဒ်မှာ
“နှလုံးခုန်မရပ်ဖို့ဂရုစိုက်ကြစို့” ဟု ဖြစ်သည်။ဤဆောင်ပုဒ်သည် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအတွက် နိုးနိုးကြားကြားရှိနေရန် လိုအပ်ကြောင်း၊ လူတစ်ဦးချင်းစီအား သတိပေးလက္ခဏာများကို လျစ်လျူမရှုရန်၊ ပုံမှန်ဆေးစစ်ခြင်းကို မနှောင့်နှေးရန်၊ ကျန်းမာသောအလေ့အထနှင့် အချိန်မီ ဆေးကုသမှုခံယူရန် တိုက်တွန်းထားသည်။
လူနေမှုပုံစံနှင့်ဆက်စပ်သော နှလုံးရောဂါ ဖြစ်ပွားမှုများ နေသည့်ကမ္ဘာတွင် လူတိုင်းကို နှလုံးခုန်နှုန်းတိုင်းကို အလေးအနက်ထားရန်၊ ကိုယ်လက်လှုပ်ရှားမှုကို ဦးစားပေးခြင်း၊ အာဟာရမျှတခြင်း၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်းနှင့် ပုံမှန်စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
“Don’t Skip the Beat” သည် ဆောင်ပုဒ်တစ်ခုသာမက ကျွန်ုပ်တို့၏နှလုံးသားအတွင်းရှိ ဘဝစည်းချက်ကို ကာကွယ်မည့် လုပ်ဆောင်ချက်ကိုပါ တောင်းဆိုထားခြင်းဖြစ်သည်။
Ref: artemishospital
