နှစ်(၁၀၀)ခန့်သက်တမ်းရှိသည့် မော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံကို ပြန်လည်ပြုပြင်မှုများ ပြုလုပ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းအဆောက်အအုံကို ၁၉၂၅ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ ယခင်က မော်ကွန်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်၊ ထုတ်လုပ်ခြင်း၊ ရုပ်ရှင်ဇာတ်ကားများ ဆင်ဆာကြည့်ရှုခြင်း၊ ရုပ်ရှင်ထူးချွန်ဆုများ စိစစ်အကဲဖြတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အဆောက်အအုံဖြစ်သည်။
ပြုပြင်မှုပြီးစီးပါက အဆိုပါ အဆောက်အအုံတွင် မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် သင်တန်းများ ဖွင့်လှစ်သွားမည်ဟုလည်း သိရသည်။
