နှစ်ဦး အလှူအနေနဲ့ ကျောင်းရှိသံဃာများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့တဲ့ ဦးဣန္နာဝုဓ

ဦးဣန္နာဝုဓ ( ခ)ဦးဌက်ပျောကြော် က ယနေ့ ၁၈ ရက်နေ့မှာ နှစ်ဦးအလှူအနေနဲ့ ကျောင်းရှိသံဃာတော်များအားနေ့ဆွမ်းဆပ်ကပ်လှူဒါန်းကာ ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ပတ်သက်ပြီး မိသားစုဝင်ဖြစ်သူနေခြည် ( တားရော့ ) က” ၁၈ ရက်နေ့မှာ အနန္တငါးပါး ဦးထိပ်ထားကာ ဘုရားကျောင်းသိမ် လမ်းတံတားရဟန်းဒါယကာ ဦးဣန္နာဝုဓ ( ခ)ဦးဌက်ပျောကြော် နှင့်ဒါယကာမဆရာမ ဒေါ်နေခြည် ( တားရော့) မိသားစုတို့အနေနဲ့ အာရုံ / နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အခုလိုအလှူလေးက တားရော့မေးကြ တဲ့ ၇ ရက်သားသမီးများရဲ့အလှူလို့လည်း ပြောလို့ရပါတယ် ” လို့ပြောပါတယ်။

ဦးဌက်ပျောကြော်အနေနဲ့ သင်္ကြန်ကာလမှာဦးဣန္နာဝုဓ ဘွဲ့အမည်နဲ့ သာသနာ့ဘောင်ထဲဝင်ရောက်ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။

