ဟနွိုင်း၊ဖေဖော်ဝါရီ ၃
ဗီယက်နမ်၌ ဇန်နဝါရီ ၂၅ မှ ဖေဖော်ဝါရီလ ၃ ရက်အထိ ကိုးရက်တာနှစ်သစ်ကူးကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၂၀၉ ဦး ေ-သဆုံးကာ ၃၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။အဆိုပါ ကာလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၄၄၅ မှု ဖြစ်ပွားခဲ့သည်ဟုဆိုသည်။
နှစ်ကူးကာလ ယာဉ်မတော်တဆမှုမှာ ၃၆ ရာခိုင်နှုန်း၊ေ-သဆုံးမှု ၃၇ ဒသမ ၆၁ ရာခိုင်နှုန်းနှင့် ထိခိုက်ဒဏ်ရာရမှုအရေအတွက်မှာ ၃၈ ဒသမ ၃၄ ရာခိုင်နှုန်းများသို့ အသီးသီးလျော့ကျသွားခဲ့သည်ဟုလည်းသိရသည်။
ယင်းတို့အနက် လမ်းပေါ်၌ဖြစ်သည့် ယာဉ်မတော်တဆမှုမှာ ၄၄၂ ခုဖြစ်ပြီး ၂၀၇ ဦး ေ-သဆုံးကာ ၃၇၂ ဦး ဒဏ်ရာရရှိခဲ့သည်။သို့သော်အဆိုပါပမာဏသည် ယာဉ်မတော်တဆမှုပေါင်း ၂၅၇ မှု၊ေ-သဆုံးမှု ၁၂၄ မှုနှင့် ထိခိုက်ဒဏ်ရာရမှု ၂၃၂ မှုအထိဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ်၏ အလားတူကာလနှင့်နှိုင်းယှဉ်ပါက လျော့ကျသွားခဲ့သည်ဟုလည်းဆိုသည်။
ရထားလမ်း၌ ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူတစ်ဦးေ-သဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။ယင်းနောက် ပြည်တွင်းရေကြောင်းလမ်းတွင်လည်း ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး တစ်ဦးေ-သဆုံးခဲ့သည်ဟုသိရသည်။
နှစ်သစ်ကူးရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်းကမ်းဖောက်ဖျက်မှုပေါင်း ၅၆,၀၀၀ နီးပါးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကိုင်တွယ်ဖြေရှင်းခဲ့ရကြောင်း ယာဉ်ထိန်းရဲများကပြောကြားခဲ့သည်။
ထို့ကြောင့် ယာဉ်မောင်းလိုင်စင် ၃,၀၀၀ နီးပါးကို အာဏာပိုင်များက ယာယီရုပ်သိမ်းခဲ့ကာ ချိုးဖောက်မှု၏ ၃၀ ရာခိုင်နှုန်းခန့်သည် အရက်နှင့်ပတ်သက်သည့် ပြစ်မှုများပါဝင်သည်ဟုလည်းဆိုခဲ့ကြသည်။
Source : ရှင်းဟွာ
